သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-06-09
ရန်ကုန်မြို့တာမွေမြို့နယ်မှာ စစ်ပွဲတွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြတဲ့အတွက် ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀နဲ့ တရားစွဲဆိုခံထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ဒီကနေ့ ဗဟန်းမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။
2018-06-08
ဒီကနေ့ မနက်ပိုင်းက အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေဟာ နိုင်ငံတော် သမ္မတ အိမ်တော်မှာ အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။
2018-06-07
လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကို ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု PACE အဖွဲ့က လူအင်အား ၆ဝဝ ခန့် နဲ့ စောင့်ကြည့်လေ့လာဖို့ စီစဉ်နေပါတယ်။
2018-06-06
အစိုးရလျို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆို ခံနေရတဲ့ ရိုက်တာသတင်းထောက် နှစ်ဦးဟာ ထောင်ချောက်ဆင် ဖမ်းဆီးခံရတယ်ဆိုတာ ပေါ်ပေါက်လာနေပြီဖြစ်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
2018-06-06
ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လာရေးမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR၊ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP နဲ့ မြန်မာအစိုးရတို့ ပူးပေါင်း ဆောင်ရွက်ဖို့ နှစ်ဖက်နားလည်မှုစာချွန်လွှာကို ဒီနေ့ ဇွန်လ ၆ ရက်နေ့မှာ လက်မှတ်ရေးထိုးကြပါတယ်။
2018-06-06
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန့်ဝါ နဲ့ ဝူယန်ရွာအနီးက သစ်တောဧရိယာမှာ တရားမဝင် တစ်ရှူးငှက်ပျောတွေ စိုက်ပျိုးနေတဲ့ အခြေအနေ ကို ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးနဲ့ တာဝန်ရှိသူတွေ အပြင် ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့ မနေ့က သွားရောက်ကွင်း ဆင်းလေ့လာခဲ့ပါတယ်။
2018-06-06
ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးတွေရဲ့ ပြည်ပခရီးစဉ်နဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရဘက်က ခွင့်ပြုချက်ပေးရတာ မဟုတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနကစိစစ်ပြီး ပြည်ထောင်စုအစိုးရဘက်က ခွင့်ပြုချက်ပေးတာဖြစ်လို့ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ၃ ဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၇ ဦး အင်ဒိုးနီးရှားနိုင်ငံ ခရီးစဉ် သွားရောက်ခွင့်မရတဲ့ကိစ္စကို အတိအကျပြောဖို့ခက်တယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ကပြောပါတယ်။
2018-06-04
ရှမ်းပြည်နယ်အစိုးရအဖွဲ့က တိုင်းရင်းသားရေးရာ ဝန်ကြီး ၃ ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် ၇ ဦးဟာ အစားအသောက် ဘေးကင်းလုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံကို လေ့လာရေး သွားရောက်ဖို့ ပြင်ဆင်ဆောင်ရွက်ခဲ့ပေမယ့် နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားချက်နဲ့ မကိုက်ညီဘူးဆိုပြီး သွားခွင့်မပြုခဲ့ပါဘူး။
2018-06-04
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Ms. Christine Schraner Burgener ဟာ အခုဇွန်လလယ်မှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့သိရပါတယ်။
2018-06-04
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲက လှဖိုးခေါင်ကြားစခန်းမှာ ပြစ်ဒဏ်က လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့ မွတ်စလင် ၆၂ ဦးထဲက ၁၀ ဦး ထွက်ပြေးသွားတာတယ်လို့ သိရပါတယ်။
2018-06-04
ထိုင်းနိုင်ငံ ချာချင်ဆောင်ခရိုင်က ကွန်ပျုတာ ဆက်စပ်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံ ပိတ်သိမ်းခံလိုက်ရတာကြောင့် အလုပ် လက်မဲ့ဖြစ်နေတဲ့ မြန်မာအလုပ်သမား ၇၀၀ နီးပါး ရှိနေပါတယ်။
2018-06-03
မန္တလေးတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးသုံးစွဲရင်း နေ့စဉ် အနည်းဆုံး လူတစ်ဦးနှုန်း သေဆုံးနေတယ်လို့ ချမ်းမြသာစည်မြို့နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က ပြောပါတယ်။
2018-06-03
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် ဇွန်လ ၃၀ ရက်နေ့မှာကျင်းပဖို့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နှစ်ဖက်ဘုံသဘောတူညီချက်ရထားပြီး အဲဒီညီလာခံမှာ အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေးနဲ့ ပြည်ထောင်စုက ခွဲမထွက်ရေးနဲ့ ဆိုင်တဲ့ကိစ္စတွေကို မဆွေးနွေးသေးဘဲ ချန်လှပ်ခဲ့ဖို့ ရှိနေပါတယ်။
2018-06-03
ပြည်နယ် ၄ ခု မှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေကို လက်ရှိအစိုးရကာလအတွင်း ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။
2018-06-02
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်များ ပြန်လည် လက်ခံရေးကို ကုလသမဂ္ဂ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ရခြင်းဟာ ပြည်ပ ဖိအားများကြောင့် မဟုတ်ဘဲ လုပ်ငန်းအစဉ်ပြေ ချောမွေ့စေရေးအတွက်ဖြစ်တယ်လို့ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွန်းက ပြောပါတယ်။