မန္တလေးက မူးယစ်ဆေးဝါးသုံးစွဲမှု အခြေအနေ


2018.06.03

မန္တလေးတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးသုံးစွဲရင်း နေ့စဉ် အနည်းဆုံး လူတစ်ဦးနှုန်း သေဆုံးနေတယ်လို့ ချမ်းမြသာစည်မြို့နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က ပြောပါတယ်။ တိုင်းအတွင်း မူးယစ်မှုတွေကို ဖမ်းဆီးတဲ့အခါမှာလည်း သတင်းပေါက်ကြားမှုတွေရှိနေတာကြောင့် အမှန်တကယ် ရောင်းချသူတွေကို ဖမ်းမိခြင်းမရှိဘူးဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ ဦးမြင့်အောင်မိုးဟာ တိုင်းအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှုတွေဟာ ပွဲတော်ကြီးတစ်ခုလိုဖြစ်နေပြီး ရောင်းဝယ်နေသူတွေကို ရဲတပ်ဖွဲ့က ကင်းစောင့်ပေးနေသလိုဖြစ်နေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တိုင်းလွှတ်တော်မှာ တင်ပြခဲ့သူဖြစ်ပါတယ်။

တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။