ရှမ်းဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တချို့ လေ့လာရေး သွားခွင့်မရ
2018.06.04
ရှမ်းပြည်နယ်အစိုးရအဖွဲ့က တိုင်းရင်းသားရေးရာဝန်ကြီး ၃ ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် ၇ ဦးဟာ အစားအသောက် ဘေးကင်းလုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံကို လေ့လာရေးသွားရောက်ဖို့ ပြင်ဆင်ဆောင်ရွက်ခဲ့ပေမယ့် နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားချက်နဲ့ မကိုက်ညီဘူးဆိုပြီး သွားခွင့်မပြုခဲ့ပါဘူး။
သမ္မတရုံးက ခွင့်မပြုတာကြောင့် ခရီးစဉ်မသွားရောက်ခဲ့ရသူတွေထဲက ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ မက်မန်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးညီနပ် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။