သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-10-05
အသက်သုံးဆယ့် ခြောက်နှစ်အရွယ် အမျိုးသားတဦး အူ အတက်ရောင်ရောဂါ ဖြစ်ပွါးလို့ ပြင်ပ ပုဂ္ဂလိက ဆေးရုံမှာ ခွဲစိပ်ကုသမှု ခံယူခဲ့ရာမှာ ဆုံးပါးသွားခဲ့ ပါတယ်။
2011-10-05
မြစ်ဆုံရေကာတာ ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး ဟောင်ကောင် အခြေစိုက် Phoenix တရုတ် သတင်းဌာနက မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် အရေးယူဖို့ ပြောဆိုဝေဖန် လိုက်ပါတယ်။
2011-10-03
ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းကို လူထုက ဆန့်ကျင်သလို ရခိုင်ပြည်နယ်က သဘာဝဓာတ်ငွေ့တွေ ထုတ်ယူရောင်းချတဲ့ ကိစ္စ၊ တရုတ်နိုင်ငံကို ပိုက်လိုင်းသွယ်တဲ့ ကိစ္စတွေကိုလည်း မြန်မာပြည်သူ တရပ်လုံး ဆန့်ကျင်ဖို့ လိုတယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
2011-10-02
စီးပွား/ကူးသန်းလို့ ခေါ်တဲ့ (စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန) ပိုင် ရန်ကုန်မြို့ လှည်းတန်း လမ်းဆုံက ပြည်မြန်မာ ကုန်တိုက်နဲ့၊ ဘေးမြေကွက်မှာ ရှိကြတဲ့ ဆိုင်ခန်း နေရာတွေကို လေလံပစ်ခဲ့ရာမှာ A.A Enterprise ဆေးကုမ္ပဏီက ရရှိသွားပါတယ်။
2011-09-28
ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းဟာ မြန်မာ့သဘာဝ၊ မြန်မာ့ဘဝကို ဖျက်ဆီးနိုင်ရုံတင် မဟုတ်ပဲ အာရှဒေသ ငြိမ်းချမ်းရေးကိုပါ ထိခိုက် ပျက်စီးစေနိုင်တဲ့ အတွက် လေးနက်စွာ ကန့်ကွက်လိုက်တယ်လို့ ကဗျာဆရာကြီး ဒဂုန်တာရာက ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။
2011-09-14
မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်းကို ဆက်ပြီး အကောင်အထည် ဖေါ်မည့်အကြောင်း အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းရဲ့ ပြောဆိုချက်ဟာ တာဝန်မဲ့မှုဖြစ်တယ်လို့ ပြည်တွင်းပြည်ပက ပြင်းပြင်းထန်ထန် ဝေဖန်ကြပါတယ်။
2011-09-05
ပြီးခဲ့တဲ့ သတင်းပတ်က ထိုင်းနဲ့ အိန္ဒိယနိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်း ကိုယ်စားလှယ်တွေဟာ အိန္ဒိယနိုင်ငံက လက်ရှိ အာဏာရ အစိုးရ ပါတီ အပါအဝင် လွှတ်တော် အမတ်တွေနဲ့တွေ့ဆုံပြီး မြန်မာ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြ ပါတယ်။
2011-08-31
ပြီးခဲ့တဲ့ လအတွင်း အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေကြား ငြိမ်းချမ်းရေး ဆွေးနွေးတာတွေမှာ ရှေ့ဆက် ဆွေးနွေးဖို့ အခြေအနေ မပေးတော့ဘူးဆိုတဲ့ ဝေဖန်သံတွေ ထွက်နေပါတယ်။
2011-08-27
မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း ကြုံတွေ့ နေရတဲ့ ကျပ်ငွေတန်ဖိုး အလွန်အကျွံ မြင့်တက်မှု၊ ဒေါ်လာတန်ဖိုး ကျဆင်းမှု စတဲ့ ငွေကြေးပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းရေးအတွက် အကြံပြုစာတမ်း တစောင်ကို ပြီးခဲ့တဲ့သီတင်းပတ်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင် ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲမှာ သမ္မတရုံး အကြံပေးပုဂ္ဂိုလ် စီးပွားရေး ပညာရှင် ဒေါက်တာဦးမြင့်က တင်ပြခဲ့ပါတယ်။
2011-08-09
၈ လေးလုံး အရေးတော်ပုံ နောက်ပိုင်း အနုပညာ တေးဂီတတွေ ဖန်တီး ထုတ်လုပ်ခွင့် ပိတ်ပင်ခံထားရပြီး လက်ရှိမှာ လူမှုရေး လုပ်ငန်းတွေ ရှေ့တန်းက ဆောင်ရွက်နေတဲ့ မဇ္ဈိမလှိုင်း တေးဂီတ အဖွဲ့က တေးရေးဆရာ ကိုရဲလွင်ကို ၈ လေးလုံးကာလ သူရဲ့ ဖြတ်သန်းမှုနဲ့ တခြား အနုပညာရှင်တွေရဲ့ ပါဝင် ပတ်သက်မှု အကြောင်း ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်း ထားပါတယ်။
2011-07-26
တွေ့ဆုံမှုအပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးကို ဆက်သွယ် မေးမြန်းထားပါတယ်။
2011-07-26
တွေ့ဆုံမှုအပေါ် သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးပုဂ္ဂိုလ် ဒေါက်တာ နေဇင်လတ်နဲ့ ဆက်သွယ် မေးမြန်းချက်
2011-07-21
အမျိုးသားလွှတ်တော်က တာဝန်ခံချက်များ ကော်မတီ ဥက္ကဌ ဒေါက်တာအေးမောင်နဲ့ မေးမြန်းချက်
2011-07-21
ပူတာအိုထောင်က နိုင်ငံရေး အကျဉ်းသူ ရဲ့ သမီး မအေးချမ်းပြည့်ဟာ မနေ့က ကွယ်လွန်သွားပါတယ်။
2011-07-21
၁၉၈၈ မှာ ကျူးလွန်ခဲ့တဲ့ သူ့ရဲ့ စစ်ရာဇဝတ်မှုတွေ အတွက် ICC မှာ ထွက်ဆိုလိုကြောင်း ပြောပါတယ်။