တရုတ်၊ ကန် နဲ့ မြန်မာ ဆက်ဆံရေး ဘာတွေဖြစ်လာမလဲ

မြစ်ဆုံရေကာတာ ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး ဟောင်ကောင် အခြေစိုက် Phoenix တရုတ် သတင်းဌာနက မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် အရေးယူဖို့ ပြောဆိုဝေဖန် လိုက်ပါတယ်။

2011.10.05

မြန်မာအစိုးရဟာ အမေရိကန် အစိုးရနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ အတွက် အခုလို ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်းလည်း စွပ်စွဲ ပြောဆိုခဲ့ပါတယ်။ တရုတ် အစိုးရနဲ့ မြန်မာ အစိုးရ အကြား ဆက်ဆံရေး ဆိုးဝါးလာမှာလား။ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး တိုးတက်လာမှာကိုရော တရုတ်နိုင်ငံက လိုလားပါမလား ဆိုတာတွေနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ လတ်တလော ပေါ်ထွက်နေပါတယ်။

အမေရိကန်ရဲ့ အဆင့်မြင့် နည်းပညာတွေကို တရုတ်နိုင်ငံက ရယူလိုတဲ့ အပြင် မြန်မာနိုင်ငံ အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှု ရုပ်သိမ်းသွားမယ်ဆိုရင် မြန်မာပြည်တွင်း တရုတ်ရဲ့ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေကို အထောက်အကူ ဖြစ်နိုင်တဲ့ အတွက် အမေရိကန်-မြန်မာ ဆက်ဆံရေး ကောင်းမွန်ဖို့ကို တရုတ် အစိုးရက လိုလားပါတယ်လို့ တရုတ်မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေး လေ့လာသူ ဒေါက်တာ လှကျော်ဇောက ရှုမြင်ပါတယ်။

ဒါပေမယ့် ဂျပန်နိုင်ငံ KENDA တက္ကသိုလ် အရှေ့အာရှ လေ့လာရေးဌာန သမိုင်း ပါမောက္ခ ဒေါက်တာအေးချမ်း ကတော့ တရုတ်နိုင်ငံဟာ ပိစိဖိတ် သမုဒ္ဒရာမှာရော အိန္ဒိယ သမုဒ္ဒရာမှာပါ သြဇာလွှမ်းမိုးဖို့ အစီအမံ ရှိတာကြောင့် မြန်မာနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စု နီးစပ်သွားမှာကို အလွန် စိုးရိမ်နေကြောင်း သုံးသပ်ပါတယ်။

ဒီအကြောင်းတွေကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-08 21:23

ကျွန်တော်ကတော့် အားလုံးနဲ့အဆင်ပြေအောင်ဆောင်ရွက်စေချင်တယ် ပြီတော့ မြန်မာနိုင်ငံဟာနည်းပညာအားဖြင့်လိုအပ်ပါတယ် သယံဇာတတော့ပေါများပါတယ် ဒါကြောင့်မြန်မာတွေဟာစာများများဖတ်သင့်ပါတယ်