သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-05-08
အမေရိကန်ပြည်ထောင်စုက ရွေးကောက်ပွဲစနစ်နဲ့ အခြားကဏ္ဍတွေကို လှည့်လည် လေ့လာနေတဲ့ လွှတ်တော်အမတ်အဖွဲ့က NLD ပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ် မေးမြန်းထားပါတယ်။
2015-05-06
အာရှအလယ်ပိုင်း အဇာဘိုင်ဂျန်နိုင်ငံမှာ မေလ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ADB အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အလုပ်အကိုင်ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ နိုင်ငံတကာအစည်းအဝေး တက်ရောက်ခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးပုဂ္ဂိုလ် ဒေါက်တာဇော်ဦးကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2015-05-06
မြန်မာနိုင်ငံမှာ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပေမယ့် စီးပွားရေး လုပ်ငန်းရှင်တွေ မျှော်မှန်းထားတဲ့ အနေအထားကို မရောက်သေးဘူလို့ UMFCC မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် ဥက္ကဌ ဦးဝင်းအောင်က ပြောပါတယ်
2015-05-04
အမေရိကန်အောက်လွှတ်တော် ဥက္ကဌ John Boehner ရဲ့ ဖိတ်ကြားချက်အရ ဝါရှင်တန်ဒီစီ မြို့တော်မှာ ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဌ သူရဦးရွှေမန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် သီးသန့်တွေ့ ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2015-05-04
"ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ( UWSP/UWSA ) ဋ္ဌာနချုပ် ပန်ဆန်းမြို့မှာ ကျင်းပနေတဲ့ ညီလာခံမှာ တိုင်းရင်းသားဒေသတချိုု့မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ကို စစ်အင်အားမသုံးပဲ ဆွေးနွေးအဖြေရှာတဲ့ နိုင်ငံရေး နည်းနဲ့ဖြေရှင်းဖို့ အဖွဲ့အားလုံးက တင်ပြကြတယ်လို့ သိရပါတယ်။
2015-05-04
အမေရိကန်အောက်လွှတ်တော်ဥက္ကဌ John Boehner ရဲ့ ဖိတ်ကြားချက်အရ ဝါရှင်တန်ဒီစီမြို့တော်မှာ ရောက် ရှိနေတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌနဲ့ ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဌ သူရဦးရွှေမန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် သီးသန့် တွေ့ဆုံမေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။
2015-05-03
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) နဲ့ နိုင်ငံ တကာမီဒီယာပံ့ပိုးရေးအဖွဲ့ IMS တို့ ရေးသားဖြန့်ဝေ တဲ့ ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် မှာ ရွေးကောက်ပွဲသတင်းရယူကြမယ့် သတင်း မီဒီယာသမားတွေအနေနဲ့ လိုက်နာသင့်တဲ့ အချက်တွေနဲ့ ရှောင်ကြဉ်သင့်တဲ့အချက်တွေ ကို ဖော်ပြထားပါတယ်။
2015-05-03
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သ မန်အင်းမှာ ပြီးခဲ့တဲ့ဧပြီလ ၃၀ ရက်နေ့က ငါးတွေ အစု လိုက်အပြုံလိုက် သေဆုံးခဲ့တာဟာ စက်ရုံတချို့က စွန့်ပစ်တဲ့ ရေတွေကြောင့် ဖြစ်တယ်လို့ တောင်သမန်အင်းမှာ ငါးမွေးမြူခွင့်ရရှိထားတဲ့ လုပ်ငန်းရှင် ဦးချစ်ခိုင် က ပြောပါတယ်။
2015-05-03
၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP တည်ရှိရာ ပန်ဆန်းမြို့မှာ ၆ ရက် ကြာပြုလုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ညီလာခံ ဒုတိယမြောက်နေ့ မှာ အဖွဲ့အားလုံးက ပြည်တွင်းငြိမ်းချမ်းရေး သဘောထားစာတမ်းတွေ တင်ပြကြပါတယ်။
2015-04-30
မန္တလေးတိုင်းဒေသကြီး မြို့သာစက်မှု ဥယျာဉ်မြို့တော် စီမံကိန်းနယ်မြေထဲမှာ မနေ့ က တောင်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရုန်းရင်း ဆန်ခတ်မှုဖြစ်ပွားခဲ့ပြီး တောင်သူတွေကို ကူညီဆောင်ရွက်ပေးတဲ့ NLD ပါတီဝင်နှစ်ဦးကို ရဲကဖမ်းဆီးပြီး ပုဒ်မ ၁၄၃ ၊ ၁၄၇ ဥပဒေနဲ့မညီတဲ့ စုဝေးခြင်း ၊ ၅ဝ၅ (ခ)အများပြည်သူ စိုးရိမ်စေမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုထားပါတယ်။
2015-04-30
ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ တပ်မတော် (UWSP/UWSA) ဌာနချုပ်မှာ မေလ ၁ ရက်နေ့ကစပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ပါဝင်တဲ့ ညီလာခံ ကျင်းပတော့မှာဖြစ်ပါတယ်။
2015-04-27
နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်း စဉ်တွေကို ချမှတ်နိုင်မယ်ဆိုရင် ဖွဲ့စည်းပုံကို အချိန် မီပြင်ဆင်နိုင်မှာ ဖြစ်သလို ပြည်တွင်းငြိမ်းချမ်းရေးကိုလဲ အမြန်ဆုံး အကောင်အထည်ဖော်နိုင်မှာ ဖြစ်တယ် လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက သုံးသပ်ပြောဆိုပါတယ်။
2015-04-26
တောင်ကြီးမြို့မှာ နံပါတ်တုတ်တွေကိုင်ဆောင် ပြီး ပြောက်ကျားအကျီၤတွေ ဝတ်ဆင်ထားတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးအဖွဲ့ဟာ ဘယ်အဖွဲ့အစည်းရဲ့ လက်အောက်ခံ ဆိုတာ ဖြေရှင်းပေးဖို့ ဒေသခံတွေက အစိုးရကို တိုင်ကြားသွားမယ်လို့သိရပါတယ်။
2015-04-26
ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ ရခိုင်တပ်မတော် (AA ) တို့တိုက်ပွဲဖြစ်ခဲ့ပါတယ်။
2015-04-26
မန္တလေးတိုင်းဒေသကြီး၊ စဉ်ကိုင်မြို့နယ်၊ ရှမ်း ကန်ကျေးရွာမှာ သွေးလွန်တုပ်ကွေးရောဂါ ပျံ့နှံနေပြီး အသက် ၁၄ နှစ်အောက် ကလေးငယ် အယောက် ၇၀ လောက် ကျောက်ဆည်နဲ့ စဉ်ကိုင်မြို့က ဆေး ရုံတွေမှာ ဆေးကုသမှုခံယူနေရပါတယ်။