တောင်သမန်အင်းက ငါးတွေသေဆုံးခြင်း
2015.05.03
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်အင်းမှာ ပြီးခဲ့တဲ့ဧပြီလ ၃၀ ရက်နေ့က ငါးတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တာဟာ စက်ရုံတချို့က စွန့်ပစ်တဲ့ ရေတွေကြောင့် ဖြစ်တယ်လို့ တောင်သမန်အင်းမှာ ငါးမွေးမြူခွင့်ရရှိထားတဲ့ လုပ်ငန်းရှင် ဦးချစ်ခိုင်က ပြောပါတယ်။ ဒီနေ့ မန္တလေးမြို့မှာ သတင်းစာ ရှင်းလင်းပွဲကျင်းပခဲ့ရာမှာ စက်ရုံတွေကို တရားစွဲသွားမယ်လို့လည်း ပြောပါတယ်။
ဦးချစ်ခိုင်ကို RFA သတင်းထောက် မပြုံးမို့မို့ဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။