သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-17
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ လာမယ့် ၂ လအတွင်း တရားဝင်ပါတီ မှတ်ပုံတင်ဖို့ ပြင်ဆင်နေတယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။
2013-09-16
မြန်မာနိုင်ငံမှာ လက်ရှိအရံှုးခံထုတ်ဝေနေကြတဲ့ နေ့စဉ်ထုတ်သတင်းစာတွေရဲ့ ရေရှည်ရပ်တည်နိုင်မှု အလားအလားတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း(မ်) နေ့စဉ်သတင်းစာ ထုတ်ဝေသူ ရန်ကုန်မီဒီယာအုပ်စု အကြီးအကဲ ဦးကိုကို ခေါ် စာရေးဆရာ၊ သတင်းစာဆရာ ကိုကို (စက်မှုတက္ကသိုလ်) ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2013-09-14
ကျောင်းသားတွေကို အကာအကွယ်ပေးနိုင်မယ့် ကျောင်းသားထုအခွင့်အရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ပြုစုရေးဆွဲပြီး ကြေညာစာတမ်းတစ်ခုပေါ်လာအောင် ဗမာနိုင်ငံနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ကြိုးစားနေတယ်လို့သိရပါတယ်။
2013-09-14
အမေရိကန် သမ္မတအိုဘားမားဟာ လာမယ့် အောက်တိုဘာလအတွင်း အာရှလေးနိုင်ငံကို ခရီးထွက်ပါလိမ့်မယ်။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက ဘယ်လိုသဘောထားမလဲ။ မြန်မာနိုင်ငံနဲ့ အမေရိကန်ဆက်ဆံရေးကကော ဘယ်လောက်တိုးတက်နေပြီလဲ။ နိုင်ငံရေးသုတေသီ တစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံ မျုးိချစ်စစ်သည်တော်များ အစည်းအရုံး နာယက ဦးခင်မောင်ညွန့်ကို ဦးခင်မောင်စိုး ကဆက်သွယ်မေးမြန်းထားပါတယ်။
2013-09-12
မြန်မာနိုင်ငံက တိုင်းရင်းသားအားလုံးအတွက် တန်းတူအခွင့်အရေး အာမခံချက်ရှိတဲ့ ဥပဒေတစ်ရပ် နေပြည်တော်လွှတ်တော်က ပြဌာန်းနိုင်ရေးအတွက် ဥပဒေမူကြမ်းရေးဆွဲနေမှု နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2013-09-08
စနေနေ့ က ကျင်းပတဲ့ သြစတြေးလျ ရွေးကောက်ပွဲမှာ မြန်မာ့ဒီမိုကရေစီအရေးထောက်ခံသူ အမတ်အများအပြားပါဝင်တဲ့ အာဏာရလေဘာပါတီ ရှုံးနိမ့်သွားတဲ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဆစ်ဒနီမြို့က ကရင်အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ တက္ကသိုလ်ကထိက နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာ စောအော်လန်ဒိုကို ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။
2013-09-06
ထိုင်းမြန်မာနယ်စပ်မှာ နှစ်ပေါင်းအစိပ်လောက် ပြည်သူတွေအားကိုးရာဖြစ်ခဲ့တဲ့ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကို လက်ရှိမြေပိုင်ရှင်က စာချုပ်ပြည့်ရင် ဆက်မငှားတော့ဘူးလို့ ဆိုတဲ့အတွက်၊ အခုနေရာနဲ့ မလှမ်းမကမ်းကို ပြောင်းဖို့စီစဉ်နေပြီလို့သိရပါတယ်။ ဒီလိုပြောင်းရွှေ့ဖို့ကိုလည်း ဂျပန်နိုင်ငံရဲ့အကူအညီ ရထားတယ်လို့သိရပါတယ်။
2013-09-04
ကွန်ပျူတာ အင်တာနက်သုံးစွဲမှုဟာ လူတွေရဲ့နေ့စဉ်ဘဝမှာ မရှိမဖြစ်အရာတစ်ခုဖြစ်လာနေပါပြီ။ တပြိုင်နက်မှာ အင်တာနက်ကို မဆင်မခြင်သုံးစွဲမှုကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေလည်း ပေါ်ပေါက်နေပြီး အင်တာနက်ရောဂါလို့ ခေါ်ဝေါ်သတိပေးရတဲ့ အနေအထားကို ရောက်ရှိနေပါပြီ။ အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေကကော အင်တာနက်ကို ဘယ်လိုသုံးစွဲနေကြပါသလဲ။
2013-09-04
အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ်မှာ စက်တင်ဘာလ ၁ ရက်နဲ့ ၂ ရက်နေ့က ကျင်းပခဲ့တဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ညီလာခံကို တက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ဝါရှင်တန်ဒီစီမြို့တော်က RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။
2013-08-28
မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေဖြစ်နေတာ တနှစ်ကျော်လာပြီ ဖြစ်သလို၊ ခုချိန်ထိလဲ မငြိမ်းသေးတဲ့အတွက် ဒီကိစ္စတွေနဲ့ပတ်သက်လို့ တာဝန်အရှိဆုံးအဖွဲ့အစည်း ကတော့ အစိုးရပဲဖြစ်တယ်လို့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကပြောပါတယ်။
2013-08-27
၁၉၄၇၊ ၁၉၇၄ နဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေမှာ တိုင်းရင်းသားတွေရဲ့အခွင့်အရေး ပြဌာန်းချက်တွေပါဝင်ပေမယ့် အကောင်အထည် မဖော်တာကြောင့် ပြည်ထောင်စုအဆင့် တိုင်းရင်းသား ဝန်ကြီးဌာနသစ်တစ်ခု တိုးချဲ့ဖွဲ့စည်းရေးအဆိုပြုချက် အပါအဝင် တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေမူကြမ်းတစ်ရပ်ကို ပြည်သူ့လွှတ်တော်ဥပဒေမူကြမ်း ကော်မတီက ရေးဆွဲနေတာ အခုပြီးစီလုနီးနေပြီဖြစ်ပါတယ်။
2013-08-26
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကန့်ဘလူမြို့နယ် ထန်းပင်ကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအပါအဝင် ဒီနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးတာဝန်ရှိသူတွေရဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေမှာ အားနည်းမှုတွေရှိနေတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။
2013-08-24
မိတ္ထီလာမြို့မှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ကားကို သြဂုတ်လ ၁၉ ရက်ည ၁ဝနာရီကျော်မှာ လူတချို့ဝိုင်းဝန်းထုနှက် ဆန္ဒပြခဲ့စဉ်က အနီးကပ်ရှိနေခဲ့တဲ့မြို့ခံတစ်ဦးဖြစ်သူ ဦးကိုကိုဦးကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။
2013-08-22
မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ ငါးပိတွေမှာ ယူးရီးယား ဓါတ်မြေသြဇာ သုံးစွဲထားတာတွေ့ရှိရကြောင်း စားသုံးသူကာကွယ်ရေးအသင်းက သြဂုတ်လ ၁၉ရက်နေ့က ထုတ်ပြန်ထားပါတယ်။
2013-08-22
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာကင်တားနား လိုက်ပါတဲ့ကားကို မိတ္ထီလာမြို့မှာ တိုက်ခိုက်ရန်ပြုခံရတာနဲ့ ပတ်သက်ပြီး ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ရန်ကုန်ရုံးအဖွဲ့မှူးနဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်မင်းကို ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။