သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-02-02
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ ကို သေနတ်နဲ့ ပစ်ခဲ့တဲ့ ဦးကြည်လင်းနဲ့ သူ့ကို ခိုင်းစေသူအဖြစ်ပြောဆိုနေကြတဲ့ ဦးအောင်ဝင်းဇော်ခေါ် ဦးမြင့်ဆွေတို့ကို မန္တလေး အိုဘိုထောင်မှာ သိကျွမ်းခဲ့တဲ့ ဦးအောင်စိုး က ဦးမြင့်ဆွေဟာ သူ့ကိုလည်း သံတမန်တစ်ဦးကို သတ်ဖို့ကမ်းလှမ်းဖူးတယ်လို့ ဆိုပါတယ်။
2017-02-02
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ မဘသဆရာတော် ဦးဝီရသူ ပါဝင်ဟောပြောမယ့် တရားပွဲကို တိုင်းဒေသကြီး အစိုးရက ခွင့်မပြုဘဲ ပိတ်လိုက်ပါတယ်။ လက်ရှိ လုံခြုံရေးအခြေအနေအရ အဲဒီလိုပိတ်လိုက်တာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။
2017-02-01
၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ အသုံးစရိတ်ကနေပိုလျှံတဲ့ ငွေ ကျပ် လေးဘီလျံဝန်းကျင်ကို ပြည်ထောင်စုအစိုးရ ကို ပြန်မအပ်ဘဲ မြို့နယ်အသီးသီးရဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ခွဲဝေသုံးစွဲဖို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က စီစဉ်နေပါတယ်။
2017-02-01
ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပဖို့ ပြည်နယ်အစိုးရအဖွဲ့က ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေပါတယ်။
2017-02-01
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ဒီနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာတင်ပြရမယ့် ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ရဲ့ အစီရင်ခံစာကို သမ္မတရဲ့အမိန့်နဲ့ နောက်ထပ်ရက်တိုး သတ်မှတ်လိုက်ပါတယ်။