ဦးဝီရသူ တရားပွဲကို ပုသိမ်မှာ ကျင်းပခွင့်မပြု
2017.02.02
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ မဘသဆရာတော် ဦးဝီရသူ ပါဝင်ဟောပြောမယ့် တရားပွဲကို တိုင်းဒေသကြီး အစိုးရက ခွင့်မပြုဘဲ ပိတ်လိုက်ပါတယ်။ လက်ရှိ လုံခြုံရေးအခြေအနေအရ အဲဒီလိုပိတ်လိုက်တာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။
ဝန်ကြီး ဦးကျော်မြင့် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။