သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-07-12
ကချင်ပြည်နယ်မှာ ပိုလျှံလျှပ်စစ်ဓါတ်အား ၉ဝ မဂ္ဂါ ဝပ်လောက်ရှိပေမယ့် ရွာပေါင်း ၂ဝဝဝ ကျော်ထဲက ၈ဝဝ ကျော်သာ လျှပ်စစ်မီးရရှိပြီး ရွာပေါင်း ၁ဝဝဝ ကျော်ကို မီးမပေးနိုင်သေးဘူးလို့ သိရပါတယ်။
2017-07-12
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကိုရောက်နေတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန် ဟီးလီဟာ ကျောက်ဖြူမြို့ဒေသခံတွေနဲ့ ဒီကနေ့ ကျောက်ဖြူမြို့ ပဲလေ့စ်ဟိုတယ်မှာ တွေ့ဆုံခဲ့ကြပါတယ်။
2017-07-11
ဆရာဆရာမတွေရဲ့ အခွင့်အရေးနဲ့တာဝန်တွေကို သီးသန့်သတ်မှတ်နိုင်ဖို့ ‘ဆရာများဥပဒေ’ ပြ ဌာန်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဥပဒေပြုရေး၊ ပညာရေး အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ် လို့ ဇူလိုင်လ ၈ ရက်နဲ့ ၉ ရက်နေ့က ပုဂံရှေးဟောင်း နယ်မြေမှာကျင်းပခဲ့တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာဆရာ ၊ ဆရာမများအဖွဲ့ချုပ် ဒုတိယအကြိမ်ညီလာခံ မှာ ဆွေးနွေးအတည်ပြုခဲ့ပါတယ်။
2017-07-11
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃနဲ့ တရားစွဲဆို ခံထားရတဲ့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေအမှု နောက်ဆုံးအခြေအနေ ၊ ရှေ့အလားအလာတွေနဲ့ ပတ်သက်လို့ အမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ဦးကျော်မင်းဆွေရဲ့ ရှေ့နေဦးခင်မောင်မြင့် ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။
2017-07-10
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကစတင်ပြီး ဒီနေ့အထိ ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားအလုပ် သမားတွေ ပြည်တွင်းကို မြဝတီမြို့ ကိုးသုံးလုံးနယ် စပ်ဂိတ်နဲ့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား ကနေ ပြန်လည်ဝင် ရောက်လာတာဟာ လူဦးရေ ၃သောင်းနီးပါးရှိနေပြီလို့ ကူညီကယ် ဆယ်ရေးဆောင်ရွက်ပေးနေသူတွေ က ပြောပါ တယ်။
2017-07-10
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေမူကြမ်းကို ဒီနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးမှာ လွှတ်တော်ကိုယ်စားလှယ်တွေထံ ဖြန့်ဝေခဲ့ပါတယ်။
2017-07-09
YBS ယာဉ်လိုင်းတွေကို ကိုယ်ရကိုယ်ယူစနစ်ကနေ ယာဉ်လိုင်းအလိုက်ဝင်ငွေကို အချိုးကျ ခွဲဝေယူ တဲ့စ နစ် ပြောင်းလဲကျင့်သုံးမယ့် သတ်မှတ်ရက်ကို မကြာ ခင်မှာ ကြေညာမယ်လို့ မနေ့က ရန်ကုန်တိုင်း အစိုး ရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ တိုင်းဒေ သကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီ လာကျော်က ပြောပါတယ်။
2017-07-09
KIA ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့က ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်နေတယ်ဆိုတဲ့ လက်ကမ်းစာစောင်တွေကို အစိုးရတပ်မတော်က လားရှိုးမြို့မှာ မနေ့က လိုက်လံဖြန့်ဝေခဲ့ပါတယ်။
2017-07-09
ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2017-07-08
ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကို ပြည်ထောင်စုလွှတ်တော်ရဲ့ တရားဝင် ဝက်ဘ် ဆိုဒ်မှာ ဇူလိုင်လ ၇ ရက်နေ့က ဖော်ပြထားပါတယ်။ အဲဒီဥပဒေကြမ်းမှာ ပုဒ်မ ၆၆ (ဃ) ကို အာမခံပေး လို့ရတဲ့ ပုဒ်မအဖြစ် ပြင်ဆင်ထားပါတယ်။
2017-07-08
ရန်ကုန်-ပြည်လမ်းမ ပေါ်ပြေးဆွဲနေတဲ့ YBS ၅၅ နဲ့ YBS ၃၇ နှစ်စီး ဒီနေ့ နေလည် ၁ နာရီခွဲခန့်က ရွှေညောင်ပင် မှတ်တိုင်အနီးမှာ ယာဉ်တိုက်မှုဖြစ်ပွားတာကြောင့် ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပါတယ်။
2017-07-07
မူးယစ်ဆေး ၁၅ ပြားမိလို့ ထောင်ဒဏ် ၁ဝ နှစ် ကျခံခဲ့ရပြီးမှ ၁ဝ တန်းကို ဂုဏ်ထူး ၃ ဘာသာ နဲ့ အောင်မြင်ခဲ့တဲ့ မရွှန်းလဲ့ရည် တက္ကသိုလ် ဆက်တက်ဖို့အတွက် နိုင်ငံတော်သမ္မတဆီ အသနားခံစာတင်ချင်တာမှာ အခက်အခဲဖြစ်နေ တဲ့ကိစ္စကို ရှေ့နေများကွန်ရက်က ကူညီနေပါတယ်။
2017-07-07
ရခိုင်ပြည်နယ်အတွင်း လိုအပ်တဲ့ဒေသတွေမှာ နိုင်ငံတော်သမ္မတက စစ်အုပ်ချုပ်ရေးအမိန့်တစ်ရပ် ထုတ်ပြန်ပေးဖို့ နိုင်ငံရေးပါတီ ၁၄ ခုက ဇူလိုင် ၆ ရက် မနေ့က သဘောထားကြေညာချက်ထုတ် ပြန်ခဲ့ပါတယ်။
2017-07-06
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် NLD ပါတီ ဥက္ကဌနဲ့ ဒုတိယ ဥက္ကဌ အပါအဝင် အလုပ်အ မှုဆောင် ၁၄ ဦးကို ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် လက်မှတ်နဲ့ ပါတီကနေ ထုတ်ပယ်လိုက်ပါတယ်။
2017-07-06
ကျပ်သိန်းပေါင်း ခြောက်သောင်းသုံးထောင်ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွမူးယစ်ဆေးပြား ၁၂ သိန်းကျော် ကို မန္တလေးမြို့ ပြည်ကြီးတံခွန်ြမို့နယ်က ဂိုထောင်တစ်ခုမှာ မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။