တောင်ကြီး NLD ခေါင်းဆောင်တွေကို ဦးဝင်းထိန်လက်မှတ်နဲ့ ထုတ်ပယ်
2017.07.06
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် NLD ပါတီ ဥက္ကဌနဲ့ ဒုတိယ ဥက္ကဌ အပါအဝင် အလုပ်အမှုဆောင် ၁၄ ဦးကို ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် လက်မှတ်နဲ့ ပါတီကနေ ထုတ်ပယ်လိုက်ပါတယ်။
ဇူလိုင်လ ၁ ရက်နေ့ရက်စွဲပါ အကြောင်းကြားစာကို မနေ့က ဇူလိုင် ၅ ရက်နေ့မှာ လက်ခံရရှိခဲ့တာဖြစ်ပြီး တစ်ဦး တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ ထုတ်ပယ်တာကို လက်မခံနိုင်တဲ့အတွက် ပါတီဗဟိုရဲ့ ဆုံးဖြတ်ချက်နဲ့ ဗဟိုတံဆိပ်တုံးနဲ့ ထုတ်ပြန်ချက်ကိုသာ လက်ခံနိုင်မယ်လို့ ထုတ်ပယ်ခံလိုက်ရတဲ့ တောင်ကြီးမြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးဇော်ဝင်းထူး က ပြောပါတယ်။
တောင်ကြီးမြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးဇော်ဝင်းထူး ကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းထားပါတယ်။