သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-24
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ ဒုတိယနေ့အဖြစ် ဆွေးနွေးနေကြပါတယ်။
2015-07-22
ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက အစိုးရဌာန အသီးသီးရဲ့ အသုံးစားရိတ်တွေနဲ့ ပတ်သက် ပြီး ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့ရာ မှာ မွေးမြူရေး၊ရေလုပ်ငန်း နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ကြွေးကျန်တွေ အများ ဆုံးဖြစ်နေတာကို ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန္ဒာမင်းက ထောက်ပြဆွေးနွေးခဲ့ပါတယ်။
2015-07-22
လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားတာ တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီနေ့ ရန်ကုန်မြို့ ရွှေလီလမ်းက ရွေးကောက်ပွဲသတင်းအချက်အလက်ဌာနက သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့ပါတယ်။
2015-07-22
ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူဟာ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ပြိုင်ဖို့ စီစဉ်နေပါတယ်။
2015-07-22
ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့နယ်မှာ ယာယီကယ်တင်ထားတဲ့ လှေစီးဒုက္ခသည် ၅၀၀ ကျော်ထဲက ၁၅၅ ဦးကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ဒီနေ့ လွှဲပြောင်းပေး လိုက်ပါတယ်။
2015-07-22
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင်သစ်ခိုးထုတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်ထဲက ၁၅၃ ယောက် ကို မြစ်ကြီးနားခရိုင် တရားရုံးက ဒီကနေ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းစီ ပြစ်ဒဏ်ချလိုက်ပါတယ်။
2015-07-22
မန္တလေးဆေးတက္ကသိုလ်က အငြိမ်းစား ပါမောက္ခ ချုပ် ဒေါက်တာသန်းဝင်းဟာ နိုဝင်ဘာလ ရွေးကောက် ပွဲမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု ပြီး ရွေးကောက်ပွဲဝင်ဖို့ အမည်စာရင်း တင်လိုက် ပါတယ်။
2015-07-22
အာဇာနည်ခေါင်းဆောင်ကိုးဦးထဲက ဦးအုန်းမောင်ရဲ့ သား ဖြစ်သူ ဒေါက်တာမင်းမြင့်ဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ကမာရွတ်မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီထံ အဆိုပြုလွှာတင်ထားပါတယ်။
2015-07-22
အမျိုးသမီး စွမ်းဆောင်ရှင်များအသင်း ဒုတိယဥက္ကဌ ရွှေနန်းတော်ရတနာရွှေဆိုင် ပိုင်ရှင် ဒေါက်တာ ဒေါ်သက်သက်ခိုင် ဟာ လာမယ့် နိုဝင်ဘာလရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေ ယှဉ်ပြိုင်ဖို့အတွက် အဆိုပြုလွှာတင်ထားပါတယ်။
2015-07-20
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမှာ ထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေ စီးရွှေ့ပြောင်းသူ ၅၀၀ ကျော်ထဲက ၁၅၅ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက စိစစ်လက်ခံထားပြီးဖြစ် တဲ့အတွက် အခုရက်ပိုင်းမှာ ပြန်ပို့တော့မယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း က ပြောပါတယ်။
2015-07-20
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က မြောင်းမြမြို့မှာ ကျင်းပခဲ့တဲ့ နတ်စင်တစ်ရာဆရာတော်ရဲ့ နယ်လှည့် စတုဒီသာအလှူပွဲမှာ လူတစ်ချို့က ဒေါ်အောင်ဆန်း စုကြည်နဲ့ အန်အယ်လ်ဒီပါတီကို မဲမပေးဖို့နဲ့ မဲပေး ရင်သာသနာအတွက် အန္တရာယ်ရှိနိုင်တယ်ဆိုပြီး ပါတဲ့ စာရွက်နဲ့အခွေတွေကို ဝေငှခဲ့ပါတယ်။
2015-07-20
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ရွေးကောက်ပွဲဝင်မယ့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကိုကြီးဟာ လက်ရှိ တောင်ဥက္ကလာပမြို့မ ရဲစခန်းမှာ ပုဒ်မ ၁၉ နဲ့ အမှုရင်ဆိုင်နေရပါတယ်။
2015-07-19
စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ၊ ၁၇ ရက်နေ့တွေမှာ မိုးဆက်တိုက်ရွာသွန်းခဲ့ တာကြောင့် ဘုတလင်၊ ရေဦး၊ ဒီပဲယင်း၊ ကန့်ဘလူ နဲ့ ကောလင်းမြို့တွေမှာ ရေကြီးပြီး ဆည်တချို့ ကျိုးခဲ့တဲ့အတွက် ဒေသခံတွေ ရေဘေးဒုက္ခကြုံနေ ရပါတယ်။
2015-07-19
ကချင်ပြည်နယ် ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်မှာ အစိုးရတပ်နဲ့ KIA တို့ တိုက်ပွဲတွေ ပြင်းထန်နေ တာကြောင့် မလိခမြစ်နားမှာ ရှိတဲ့ ရွာ ၅ ရွာ က ဒေသခံ တစ်ထောင်ကျော်လောက် တောထဲကို ထွက်ပြေးနေကြပါတယ်။
2015-07-17
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကျားဖြူပါတီဟာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။