ကျားဖြူပါတီက ကိုယ်စားလှယ်လောင်း ၂ဝဝ ကျော် ဝင်ပြိုင်မည့်အကြောင်း မေးမြန်းချက်
2015.07.17
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကျားဖြူပါတီဟာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ကျားဖြူပါတီရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးမူတွေ၊ ပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေအကြား စာချုပ်ချုပ်ဆိုရမှာတွေနဲ့ပတ်သက်ပြီး ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကို RFA သတင်းထောက် မရွှေရည်မဉ္ဇူက ဆက်သွယ်မေးမြန်းထားပါတယ်။