သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-23
ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းက ဒေသခံ ကမန်တိုင်းရင်းသားတွေကို N.V.C လို့ခေါ်တဲ့ အစိမ်းရောင်ကတ်တွေ ထုတ်ပေးတာတွေရပ်တန့် ပြီး နိုင်ငံသား စိစစ်ရေးကတ်တွေ အမြန်ဆုံး ထုတ်ပေး နိုင်ရေးအတွက် ကမန်တိုင်းရင်းသား လူမှု ကွန်ရက်က ဇူလိုင်လ ၁၈ ရက်နေ့ ရက်စွဲနဲ့ နိုင် ငံတော် သမ္မတဦးထင်ကျော်နဲ့ နိုင်ငံတော် အတိုင်ပင် ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ တိုင်ကြား စာ ပေးပို့လိုက်ကြောင်း သိရပါတယ်။
2016-07-23
အစိုးရသစ်လက်ထက် တစ်နိုင်ငံလုံးအတိုင်းအတာအရ အပစ်ရပ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့အတွက် ပင်လုံစာချုပ်ရဲ့ ကတိကဝတ်တွေ အတိုင်း ဆောင်ရွက်ဖို့လိုမယ်လို့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး က ထောက်ပြတိုက်တွန်းလိုက်ပါတယ်၊
2016-07-23
တိုင်းရင်းသားဒေသတွေနဲ့ တန်းတူညီမျှတဲ့ ပြည်ထောင်စု၊ အခွင့်အရေးတူတဲ့ ပြည်ထောင်စု၊ အာဏာတူတဲ့ ပြည်ထောင် စုဖြစ်လာဖို့ လာမယ့် ၂၁ ရာစု ပင်လုံညီလာခံက လုပ်ဆောင်ဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင် က ပြောပါတယ်။
2016-07-23
ထိုင်းနိုင်ငံက အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ၂၄ ခုနဲ့ အေးဂျင့် ၆ ယောက်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဦးစီးဌာနက အမည်ပျက်စာရင်းသွင်းလိုက်ပါတယ်။
2016-07-22
အစိုးရသစ်လက်ထက်မှာ ပညာရေးပြုပြင်ပြောင်းလဲ မှုတွေ လုပ်ဆောင်ဖို့ တက္ကသိုလ်အုပ်ချုပ်ရေး စနစ် ကို ပြုပြင်သင့်ကြောင်း ဒီကနေ့ ကျင်းပတဲ့ ဒဂုံ တက္ကသိုလ် ကျောင်းသားသမဂ္ဂညီလာခံမှာ ဆွေးနွေးခဲ့ တယ်လို့ ဆရာများသမဂ္ဂရဲ့ ဘဏ္ဍာရေးမှူး ဆရာ ဦးမျိုးအောင်က ပြောပါတယ်။
2016-07-22
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်က ဒေသခံတွေဟာ TNLA နဲ့ RCSS တပ်တွေ တိုက်ပွဲတွေ ပြန်လည်ဖြစ် ပွားလာမှာ စိုးရိမ်နေရတာကြောင့် နမ္မတူမြို့ ပန်ဟိုက်ရပ်ကွက် ရွှေမြင်တင်ဘုန်းတော်ကြီးကျောင်း နဲ့ လီဆူဘုရားကျောင်းတွေမှာ ခိုလှုံနေကြပါတယ်။
2016-07-22
နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲအကြို အခြေအနေတွေ၊ ရွေးကောက်ပွဲ ရလဒ်က မြန်မာနိုင်ငံအပေါ် သက်ရောက်လာနိုင်ခြေတွေနဲ့ပတ်သက်ပြီး အမေရိကန်အခြေစိုက် ၁၉၉ဝ ပြည့်နှစ် အမတ်ဟောင်း ဒေါက်တာတင့်ဆွေကို RFA အဖွဲ့သား ဦးသစ်ဆင်းက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-07-22
မြန်မာနိုင်ငံရဲ့ပညာရေးစနစ် (အခြေခံပညာကဏ္ဍ) အဆင့်မြှင့်တင်ရေးနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ ပညာရေးအဖွဲ့အစည်းတွေ နေပြည်တော်မှာ ဇူလိုင် ၂၁ ရက်နေ့ မနေ့ကစပြီး ဆွေးနွေးပွဲကျင်းပနေပါတယ်။
2016-07-21
ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ မျက်နှာစုံညီအစည်းအဝေးလို့ခေါ်တဲ့ ထိပ်သီးညီလာခံတစ်ရပ် ကျင်းပရတာနဲ့ ပတ်သက်ပြီး ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်တဲ့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ခေါင်းဆောင် KIO ဒုဥက္ကဌ ၂ ဖြစ်သူ ဗိုလ်ချုပ် ဂွမ်မော်ကို RFA သတင်းထောက် ဦးအောင်မိုးမြင့် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-07-21
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ ကျွဲနွားပျောက်ဆုံးတာတွေများနေပြီး၊ လယ်ယာလုပ်ငန်းအတွက်ပါ ထိခိုက်နေပြီလို့ ဒေသခံတွေက ပြောကြပါတယ်။ ၂၀၁၀ ကနေ ၂၀၁၅ ခုနှစ်အတွင်း အနည်းဆုံး အကောင်ရေ တစ်ထောင်လောက်ပျောက်ခဲ့တယ်လို့ ပေါက်တောမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီး က ပြောပါတယ်။ ဒါကြောင့် ဒီကိစ္စကို သက်ဆိုင်ရာက အရေးယူဖြေရှင်းပေးနိုင်အောင် ကြိုးစားဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။
2016-07-21
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေတဲ့အတွက် သတ္ထုတူးဖော်နေတဲ့ မြန်မာပွန်ပီပက်ကုမ္ပဏီ နဲ့ အရှေ့တိုင်းသတ္ထုမိုင်းကုမ္ပဏီကို တိုင်းဒေသကြီးအစိုးရအဖွဲ့က သတ္တုတူးဖော်ခွင့် ယာယီရပ်ဆိုင်းလိုက်ပါတယ်။
2016-07-21
လာမယ့် ဇူလိုင်လ ၂၆ ရက်နေ့ ကချင်ပြည်နယ် မိုင်ဂျာယန်မှာ စတင်ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ မျက်နှာစုံညီ ညီလာခံကို တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ UNAနဲ့ NBF အဖွဲ့တို့က ကိုယ်စားလှယ် ၅ ဦးစီ တက်ရောက်ကြမှာဖြစ်ပါတယ်။
2016-07-21
AI လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်မှာ ဦးပိုင်ကုမ္ပဏီ လုပ်ကိုင်နေတဲ့ ဆာလဖျုရစ်အက်ဆစ်စက်ရုံကို အစိုးရသစ်အနေနဲ့ နေရာရွှေ့ပြောင်းဖို့ အမိန့်ထုတ်သင့်တယ်လို့ ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2016-07-21
မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၈၄ ဦး ကျန်နေသေးပြီး၊ တရားရင်ဆိုင်နေရတဲ့သူပေါင်း ၁၄၀ ကျော်ရှိနေသေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာရဲ့ ကျန်းမာရေး၊ စီးပွားရေးနဲ့ ဘဝပြန်လည်ထူထောင်ရေးတွေမှာ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောပါတယ်။
2016-07-21
NLD အစိုးရဆောင်ရွက်နေတဲ့ကိစ္စတွေကို တပ်မတော်အပါအဝင် သူ့ရဲ့အုပ်ချုပ်ရေးအဆင့်ဆင့်က သေသေချာချာ လိုက်ပြီးအကောင်အထည်ဖော်သလား မဖော်သလားဆိုတာဟာ NLD အစိုးရ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့ထင်ကြောင်း လူ့ဘောင်သစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်က သုံးသပ်ပါတယ်။