သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-06-28
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စီးပွားရေးလုပ်ကိုင်ဖို့ ဥပဒေ ရေးဆွဲ ထည့်သွင်းထားတဲ့ အခန်းတစ်ခုလုံးကို ပယ်ဖျက်ပြီး အပြောင်းအလဲတွေ အများအပြားပါဝင်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ (မူကြမ်း) ကို တိုင်းလွှတ်တော်က အတည်ပြုလိုက်ပါတယ်။
2018-06-28
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်က ဂူကြီး အတွင်း ပျောက်ဆုံးနေတဲ့ လူငယ်တွေကို ရှာဖွေနေပုံနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် ကရင်အမျိုးသား မီဒီယာ တာဝန်ခံ မန်းမျိုးမြင့် ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထား ပါတယ်။
2018-06-27
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ဝါးတရာ စက်မှုဇုန်က Impak Gear Myanmar စက်ရုံမှာ လုပ်ခလစာနဲ့ အလုပ်သမား အခွင့်အရေးတွေကို အစိုးရက ပြဋ္ဌာန်းထားတဲ့ အတိုင်း မပေးတဲ့အတွက် အလုပ်သမားတွေ ဆန္ဒပြနေကြတာ ၂ ပတ်နီးပါး ရှိနေပြီဖြစ်ပါတယ်။
2018-06-26
လာမယ့် ဇူလိုင်ကုန်လောက်မှာ ကချင်ပြည်နယ် ဖားကန့်၊ လုံးခင်း၊ မော်လူး၊ မော်ဟန်နဲ့ ရှမ်းပြည်နယ် မိုင်းရှူးရတနာမြေတွေမှာ လက်လုပ်လက်စား လုပ်ကွက်တွေကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက တရားဝင်ခွင့်ပြုပေးဖို့ စီစဉ်နေပါတယ်။
2018-06-26
မြန်မာနိုင်ငံမှာ ညှဉ်းပန်းနှိပ်စက်မှုတွေလျော့နည်းပပျောက်အောင် လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ပြီး နိုင်ငံရေးဆွေးနွေးဖို့လိုသလို၊ နှိပ်စက်သူတွေကို ဥပဒေအရ အရေးယူဖို့ လိုအပ်တယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောပါတယ်။
2018-06-26
မန္တလေးတိုင်း မေမြို့ခေါ် ပြင်ဦးလွင်မြို့နယ်မှာ ပြည်သူပိုင်သိမ်းတယ်လို့ နာမည်ခံပြီး တိုင်းသမဝါယမအသင်းက ရယူထားတဲ့ မြေယာအမှုမှာ ပိုင်ရှင်အစစ်အမှန် ပေါ်ပေါက်ခဲ့ပေမယ့် ဒီအမှုကို ဖြေရှင်းမပေးနိုင်ကြောင်း တိုင်းဝန်ကြီးချုပ်ရုံးက အကြောင်းပြန်ခဲ့ပါတယ်။
2018-06-25
ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားနဲ့ နိုင်ငံရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီနေ့ ဆွေးနွေးပွဲကျင်းပဖို့ စီစဉ် ထားပေမယ့် ခွင့်ပြုမိန့်မရလို့ ရက်ရွှေ့ဆိုင်း လိုက်ရပါတယ်။
2018-06-25
အသက်မပြည့်သေးတဲ့ မသန်စွမ်းကလေးငယ်တစ်ဦး တပ်မတော်သားအဖြစ် စုဆောင်းခံရတဲ့ သတင်းနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ဖို့ကြိုးစားတဲ့ Myanmar Now သတင်းဂျာနယ်က သတင်းထောက် ၃ ဦးဟာ ဧရာဝတီတိုင်း ရေကြည်စစ်ကြောရေးစခန်းမှာ ခေတ္တထိန်းသိမ်းခံခဲ့ရပါတယ်။
2018-06-25
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံအပြီး ချမှတ်လိုက်တဲ့ ရှေလုပ်ငန်းစဉ်ထဲမှာ ဒီမိုကရေစီကို ဖော်ဆောင်နိုင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။
2018-06-25
မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသကြီးတွေမှာ ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီရုံးတွေ ဖွဲ့စည်းနိုင်ဖို့ မွန်ပြည်သစ်ပါတီက တင်ပြထားပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အကြောင်းပြန်ကြားမှုကို စောင့်ဆိုင်းနေပါတယ်။
2018-06-23
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မရဲစခန်းက အချုပ်သားတွေ ထွက်ပြေးကြတဲ့အတွက် တာဝန်ကျ ရဲဝန်ထမ်းတွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိသွားပါတယ်။
2018-06-22
ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) ရဲ့ နိုင်ငံလုံးဆိုင်ရာ အစည်း အဝေးနဲ့ ပညာရေးဆွေးနွေးပွဲကို ရန်ကုန်ခဝဲခြံ မျက်မမြင်ကျောင်းမှာ ၂ ရက်ကြာ ကျင်းပနေရာမှာ ဒီကနေ့ “ပုဂ္ဂလိက ပညာရေးကဏ္ဍ” ကိုဆွေးနွေးကြ ပါတယ်။
2018-06-22
နေပြည်တော်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ထောက်ကူပြုရုံးဖွင့်တာကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်တယ်လို့ ပြောပါတယ်။ ဘာကြောင့်ကန့်ကွက်တာပါလဲ။ ကြံခိုင်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2018-06-22
မြန်မာနိုင်ငံက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နှင်ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးအရေးယူမယ့်အပေါ် မြန်မာအစိုးရအနေနဲ့ ဇူလိုင် ၂၇ ရက်နေ့ နောက်ဆုံးထား တုံ့ပြန်ဖြေရှင်းပေးဖို့ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး ICC က တောင်းဆိုတာနဲ့ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA အဖွဲ့သူ မခင်ခင်အိ က ဆက်သွယ် မေးမြန်းထားပါတယ်။
2018-06-21
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးကို လာမယ့် ဇူလိုင်လ ၁ဝ ရက်နေ့ ဝန်းကျင်မှာ ကျင်းပနိုင်ဖွယ်ရှိပါတယ်။