သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-05
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးဌာနချုပ်မှာ ဒီကနေ့စတင်ကျင်းပမယ့် အပစ်အခတ်ရပ် စာချုပ်မူကြမ်း အတည်ပြုရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေကို ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-04-04
မနေ့ညကဖြစ်ခဲ့တဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့က အကြမ်းဖက်ဆူပူမှုတွေနဲ့ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်လက်တင်ပြပါလိမ့်မယ်။
2014-04-04
ABSDF ကျောင်းသားတပ်မတော်က လွန်ခဲ့တဲ့ ၂၆ နှစ်အတွင်း ကျဆုံးတဲ့ရဲဘော် ၇ ရာနီးပါးကို ဒီမိုကရေစီသူရဲကောင်းဂုဏ်ပြုမှတ်တမ်းလွှာတွေလိုက်လံ ပေးအပ်နေ ပါတယ်။
2014-04-03
ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာဆိုပြီး ထည်သွင်းခွင့်မပြုကြောင်း အစိုးရကထုတ်ပြန်ထားပေမဲ့ မွတ်စလင်တွေက ရိုဟင်ဂျာဆိုပြီး ဖြေဆိုနေတာတွေရှိတဲ့အတွက် သန်းခေါင်စာရင်းကောက်ယူမှုမှာ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။
2014-04-03
ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခ ပြသနာတွေကို အစိုးရအနေနဲ့ တရားမျှတစွာ ဖြေရှင်းကိုင်တွယ်ဖို့ လိုအပ်သလို ဒီပြသနာတွေကြောင့် နိုင်ငံမှာ အရေးကြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ မူလလမ်းကြောင်းက သွေဖယ်မသွားဖို့လည်း လိုအပ်တယ်လို့ ၈၈ မျိူးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းလိုက်ပါတယ်။
2014-04-02
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်တွေမြို့မှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခနဲ့ ပတ်သက်လို့ ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေကို စုံစမ်းဖော်ထုတ်တာအပြင် သက်ဆိုင်ရာ ပြည်နယ်အစိုးရပိုင်းရဲ့ အားနည်းချက်တွေကိုပါ စိစစ်ဖော်ထုတ်သွားမယ်လို့ စစ်တွေပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်အကြီးအကဲက ဒီကနေ့ ပြောလိုက်ပါတယ်။
2014-03-29
ရခိုင်ပြည်နယ်မှာ နိုင်ငံတကာအန်ဂျီအိုအဖွဲ့အစည်းတွေနဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေအကြား ပေါ်ပေါက်နေတဲ့ ပဋိပက္ခနောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ လျှောက်ထားဆဲ မူဆလင်နိုင်ငံရေး ပါတီတစ်ခုဖြစ်တဲ့ ပြည်ထောင်စုအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးအဘူလ်တာဟေရ် (ခေါ်) ဦးသာအေးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-03-29
စစ်တွေမြို့အခြေစိုက် NGO / INGO ရုံးတွေပိတ်ပြီး၊ နိုင်ငံခြားသားဝန်ထမ်းတွေ ရန်ကုန်ကိုမနေ့က ပြန်သွားကြတဲ့အကြောင်းနဲ့ စစ်တွေမြို့ရဲ့ ဒီမနက်ထိအခြေအနေကို ရခိုင်အမျိုးသားပါတီရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးအောင်မြကျော်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားတာနားဆင်နိုင်ပါပြီ။
2014-03-29
ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံဘေးက ပလက်ဖောင်းမှာ သပိတ်စခန်းဖွင့်ဆန္ဒပြနေတဲ့ မိချောင်းကန်ရပ်ကွက်သားတွေကိစ္စနဲ့ပတ်သက်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ မနေနွယ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားပါတယ်။
2014-03-28
မန္တလေးမြို့မှာ မနေ့က ညနေပိုင်းက လျှပ်စစ်မီတာခ လျှော့ချပေးရေးဆန္ဒပြခဲ့ကြပြီး အဲဒီလူတွေက ၄ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။
2014-03-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီးဟံသာဝတီ ဦးဝင်းတင်ဟာ ခါးဆစ်ရိုးဝေဒနာကြောင့် Green Cross ဆေးရုံမှာသတင်းနှစ်ပတ်ကြာ တက်ရောက်ကုသနေရပြီး သက်သာပျောက်ကင်းမှုမရှိတဲ့အတွက် ဝိတိုရိယဆေးရုံကို မနေ့ညကပြောင်းရွှေ့ကုသခံနေရပါတယ်။
2014-03-24
မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ အဆင့်မီ သတင်းမီဒီယာ သင်တန်းကျောင်းကြီးတစ်ကျောင်း ပေါ်ပေါက်လာရေးအတွက် ဂျာမဏီ၊ ပြင်သစ် ဆွီဒင် စတဲ့ ဥရောပနိုင်ငံတွေက အဖွဲ့အစည်းတချို့က ထောက်ပံ့မယ်လို့ သိရပါတယ်။ ကျောင်းပေါ်ပေါက်လာရေးအတွက် အဖွဲ့ဝင် ၁၁ ဦးပါ လုပ်ငန်းကော်မတီတစ်ရပ်ကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။ ကော်မတီရဲ့ ဥက္ကဌ တာဝန်အပေးခံရတဲ့ မော်ကွန်း မဂ္ဂဇင်း အယ်ဒီတာ ဦးဇေယျာလှိုင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-03-20
ပြီးခဲ့တဲ့ရက်ပိုင်းက ပြဌာန်းအတည်ပြုလိုက်တဲ့ သတင်းမီဒီယာ ဥပဒေနဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ ၂ ခုနဲ့ ပတ်သက်လို့ စာနယ်ဇင်းနဲ့ ဥပဒေရှုထောင့်ဘက်က အမြင်သဘောထားတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
2014-03-19
အာဆီယံဒေသတွင်း နိုင်ငံတွေက လူငယ်တွေရဲ့ အခြေအနေတွေကို ဖော်ထုတ်တင်ပြနိုင်ဖို့အတွက် ၂၀၁၄ ခုနှစ် အာဆီယံလူငယ်ဖိုရမ် ဆွေးနွေးပွဲ ဒုတိယမြောက်နေ့ကို ရန်ကုန်တက္ကသိုလ် စိန်ရတုအခမ်းအနားမှာ ဒီကနေ့ ကျင်းပနေပါတယ်။ အဲဒီဆွေးနွေးပွဲမှာ တက်ရောက်ဆွေးနွေးနေတဲ့ အာဆီယံ လူငယ်ဖိုရမ်အစီအစဉ် ရေးဆွဲရေးအဖွဲ့ဝင် မဖွေးယုမွန်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တွေ့ဆုံမေးမြန်းထားပါတယ်။