သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-02
ထိုင်းနိုင်ငံ၊ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားစုံတွဲကို သတ်တယ်ဆိုပြီး လူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာလုပ်သား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့နှစ်ဦးဟာ အပြစ်မရှိကြောင်း သက်သေပြနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံသားလူငယ် ၂ ဦးကို ကူညီနေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးအထူးအဖွဲ့ ဦးထူးချစ်က ပြောပါတယ်။
2015-10-02
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးမပါဝင်ပဲ လက်မှတ်ရေးထိုးမယ်ဆိုရင် အားလုံးကိုလွှမ်းခြုံနိုင်တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် ဖြစ်မှာမဟုတ်ဘူးလို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ကပြောလိုက်ပါတယ်။
2015-10-02
တပ်မတော်နဲ့ သတင်းမီဒီယာသမားများ ဒုတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကင်း ဘောက်ထော်မှာရှိတဲ့ တပ်မတော် မှတ်တမ်းရုံးဟောင်း မြဝတီ စာပေတိုက်ခွဲမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2015-10-02
ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့မှာ မနက်ဖြန်မနက် ပြောကြားမယ့်စကားတွေကို သူအနေနဲ့ စောင့်ကြည့်လေ့လာမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
2015-10-02
နှစ်ပတ်ကျော်ကြာ ထုတ်ပြန်ခဲ့တဲ့ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းတွေကို စစ်ဆေးဖို့ ပြည်သူတွေအနေနဲ့ စိတ်ဝင်စားမှု အားနည်းတာကို တွေ့ရှိရကြောင်း ရွေးကောက်ပွဲစောင့်ကြည့်ရေး လုပ်ဆောင်နေတဲ့ PACE အဖွဲ့က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2015-10-01
စက်တင်ဘာလ ၃၀ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပပြီးစီးသွားတဲ့ လက်နက်ကိုင် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမယ့်အဖွဲ့နဲ့ မထိုးသေးတဲ့ အဖွဲ့တွေပေါ်ထွက်လာပါတယ်။
2015-09-29
နာရေးကူညီမှုအသင်း ဥက္ကဌ၊ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ရဲ့ Walking a fine Line ကြိုးတန်းပေါ် လမ်းလျှောက်ခြင်း ရုပ်ရှင်ကားကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာ မနေ့ကစပြီး ရုံတင်ပြသနေပါပြီ။
2015-09-28
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းကို နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော် ကိုယ်စား လှယ်လောင်းတွေ မဲဆွယ်စည်းရုံးရာမှာ အသုံးမပြု ဖို့ ပြည်နယ်အစိုးရက ထုတ်ပြန်တားမြစ် လိုက်ပါတယ်။
2015-09-28
မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးရေး တိုးတက်မှုနဲ့ နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးများလာဖို့ဟာ ၂ဝ၁၅ ရွေးကောက်ပွဲရဲ့ ပွင့်လင်းမြင်သာမှုနဲ့ တရားမျှ တမှုတွေအပေါ်မှာ အများကြီး မူတည်နေတယ်လို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI ရဲ့ ဥက္ကဌ ဦးဝင်းအောင်က သုံးသပ်လိုက်ပါတယ်။
2015-09-28
ဧရာဝတီတိုင်းဒေသကြီး ဟသာၤတခရိုင်မှာ ရေကြီးနစ်မြုပ်နေတဲ့ မြို့နယ် ၄ ခုကို မဲစာရင်းကြေညာတဲ့ ရက်ထပ်တိုးပေးထားပါတယ်။ တစ်ခရိုင်လုံး မဲပေးခွင့်ရှိသူ ဦးရေ ၈ သိန်းကျော် ရှိပေမယ့် လက်ရှိ အချိန်ထိ မဲစာရင်းလာရောက်ကြည့်ရှုသူ ဦးရေ လေးသောင်းကျော်သာ ရှိပါတယ်။
2015-09-28
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် မကြာသေးခင်က အနားယူခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်အုန်းဟာ ရခိုင်ပြည်နယ် အမ်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မြေမှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်ခိုင်ဖြိုးပါတီကနေ ဝင်ရောက်အရွေးခံမှာဖြစ်ပါတယ်။
2015-09-28
မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဝေးလံခေါင်သီပြီး၊ ဗမာစကားနားမလည်တဲ့ ဒေသတွေမှာ သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့တွေက အသိပညာပေး လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ ရွေးကောက်ပွဲအသိပညာပေး လုပ်ဆောင်နေတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။
2015-09-28
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအနေနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် အောင်မြင်စွာနဲ့ လက်မှတ်ရေးထိုးနိုင်ဖို့အတွက် တိုင်းရင်းသား ခေါင်းဆောင်တွေဆီကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ကိုယ်တိုင်သွားရောက်ရှင်းပြနေတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးဌာနရဲ့ ဒါရိုက်တာ ဦးညိုအုန်းမြင့်က ပြောပါတယ်။
2015-09-28
ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ကလျာစိုးဟာ ဒီကနေ့ သူ့ရဲ့မဲဆန္ဒနယ်မြေထဲမှာ တစ်အိမ်တက်ဆင်း လိုက်လံမဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-09-28
ဒီနေ့ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၂၇ နှစ်မြောက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် ဖေါ်ဆောင်နိုင်မယ့်ပါတီအဖြစ် ရပ်တည်သွားမယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။