NCA လက်မှတ်ရေးထိုးရေး ဗိုလ်ချုပ်ဂွမ်မော်နဲ့ မေးမြန်းချက်
2015.10.02
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးမပါဝင်ပဲ လက်မှတ်ရေးထိုးမယ်ဆိုရင် အားလုံးကိုလွှမ်းခြုံနိုင်တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် ဖြစ်မှာမဟုတ်ဘူးလို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ကပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့သာ လက်မှတ်ရေးထိုးပြီး KIO အပါအဝင် မွန်နဲ့ ကရင်နီအဖွဲ့တွေက လက်မှတ်မထိုးသေးဘူးလို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ကို RFA သတင်းထောက် ကိုသီဟထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။