သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-03
မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေ အမြောက်အမြားရှိနေပြီး ရခိုင်ပြည်နယ်အရေးကိစ္စ တစ်ခုတည်းကြောင့် ငြိမ်းချမ်းဖြစ်စဉ် ထိခိုက်တာမျိုးတော့ မဟုတ်ဘူးဘူးလို့ ABSDF အဖွဲ့ ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက RFA ကို ပြောပါတယ်။
2018-10-03
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမေရိကန်ဒေါ်လာနဲ့ ရွှေဈေးတွေ ရုတ်တရက် မြင့်တက်သွားခဲ့ပြီး အထွေထွေ ကုန်ဈေးနှုန်းတွေပါ တက်သွားခဲ့ရာက အခုတော့ တဖြည်းဖြည်းပြန်ကျသွားပြီလို့ သိရပါတယ်။
2018-10-02
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က မြေဧက လေးထောင်ကျော်မှာ တည်ဆောက် လုပ်ကိုင်မယ့် ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းကို တရုတ်ဘက်က ၇ဝ ရာခိုင်နှုန်း မြန်မာဘက်က ၃ဝ ရာခိုင်နှုန်း အကျိုးအမြတ် ခွဲဝေမှုအသစ်နဲ့ မကြာခင်လပိုင်းအတွင်း စာချုပ်ချုပ်ဆို အကောင်အထည် ဖော်တော့မယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
2018-10-01
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းကို ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ ငြိမ်းချမ်းမေတ္တာ ဖောင်ဒေးရှင်းကတဆင့် ရခိုင်ပြည်နယ် အစိုးရကို ဒီနေ့ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
2018-09-29
မြန်မာနိုင်ငံမှာ ဖမ်းဆီးထောင်ချခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးရဲ့ အကျိုးဆောင် ရှေ့နေတွေထဲမှာ ကမ္ဘာကျော် အမေရိကန် ဟောလိဝုဒ် ရုပ်ရှင်မင်းသားကြီး ဂျော့ရှ်ကလွန်းနီရဲ့ ဇနီးဖြစ်သူ အမားလ်ကလွန်းနီလည်း ပါဝင်ပါတယ်။
2018-09-29
ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာက စွပ်စွဲပြောဆိုချက်တွေဟာ တစ်ဖက်သတ်ဆန်နေကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမှန်တရားဘက်က ရပ်တည်ဆောင်ရွက်မှာဖြစ်ကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာ အောင်ရှင်က ပြောပါတယ်။
2018-09-28
လက်ပံတန်းကျောင်းသားသပိတ်မှာ ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေကို ဥပဒေအကျိုးဆောင်ပေးခဲ့တဲ့ ရှေ့နေဒေါ်ခင်ခင်ကျော်နဲ့ ဗကသကျောင်းသားဟောင်း ကိုသန်းထိုက်တို့ကို တရားရေးဝန်ထမ်းတွေကို နှောင့်ယှက်မှုနဲ့ မင်းလှမြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ်ခြောက်လ ချမှတ်လိုက်ပါတယ်။
2018-09-27
ရှမ်းပြည်နယ် အရှေ့ပိုင်း "ဝ" အထူးဒေသက ခရစ်ယာန် ဓမ္မဆရာဆရာမ ၉၂ ပါးကို UWSA "ဝ" အာဏာပိုင် တွေက ဖမ်းဆီးထိန်းသိမ်းထားပြီး ကျမ်းစာတက်နေတဲ့ ကျောင်းသူကျောင်းသား ၄၁ ဦးကိုလည်း ဖမ်းဆီး စစ်မှုထမ်းခိုင်းထားတယ်လို့ လားဟူ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ်ကို အကြောင်းကြားစာ ပေးပို့ထားပါတယ်။
2018-09-27
အင်းလေးကန်ဒေသကို အင်းတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် တောင်းဆိုသွားဖို့ အတွက် ကနဦးအဆင့်အဖြစ် နမ့်ပန်မြို့ပြန်လည်ရရှိရေး အစည်းအဝေးကို စက်တင်ဘာလ ၂၉ ရက်နေ့မှာ ပြုလုပ်ဖို့ရှိနေပါတယ်။
2018-09-27
ကမ္ဘာ့ဘဏ်က ထောက်ပံ့တဲ့ မြေဆီတွေကို စိုက်ပျိုးရေးဦးစီးဌာနကတဆင့် ပြန်လည်ဖြန့်ဝေရာမှာ မျှမျှတတ မရရှိလို့ဆိုပြီး စစ်ကိုင်းတိုင်း ကောလင်းမြို့က ဒေသခံတောင်သူ နှစ်ရာလောက် ဒီနေ့မနက်က ဆန္ဒပြခဲ့ပါတယ်။
2018-09-27
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ကျေးရွာ ၂၃ ရွာကို သွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ဝန်ထမ်းတွေရဲ့ ခရီးစဉ် ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
2018-09-27
TNLA တအာင်းပလောင် လွတ်မြောက်ရေး တပ်မတော်က ဖမ်းထားတဲ့ ရှမ်းတိုင်းရင်းသူ နန်းမိုဟွမ်ကို ပြန်လွှတ်ပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ဒီနေ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
2018-09-26
ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ မွတ်စလင်တွေကို ပြန်လက်ခံရေးကိစ္စမှာ မြန်မာအစိုးရဘက်က တမင် နှောင့်နှေးကြန့်ကြာအောင်လုပ်ဆောင်နေတာလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ရိုက်တာ သတင်းဌာနကို မနေ့က ပြောလိုက်ပါတယ်။
2018-09-26
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဆန္ဒပြသူတွေကို ရဲကသေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေနတ်ဒဏ်ရာတွေရရှိခဲ့တဲ့ ဒေသခံ ၈ ဦးကို မြန်မာနိုင်ငံအလံ အက်ဥပဒေ ပုဒ်မ ၁၆ နဲ့ ထပ်မံဖမ်းဆီးလိုက်ပြီး မြောက်ဦးမြို့နယ် တရားရုံးမှာ ဒီနေ့ ရမန်ယူခဲ့ပါတယ်။
2018-09-25
အမေရိကန်အစိုးရက ထုတ်ပြန်လိုက်တဲ့… ရခိုင်ပြည်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က အစီအစဉ်ရှိရှိ အကြမ်းဖက်ခဲ့တယ်ဆိုတဲ့ကိစ္စဟာ အမှန်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်းမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးမောင်မောင်တင်က ပြောပါတယ်။