သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-04-20
မန္တလေးမြို့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းကို ဖမ်းဆီးပေးတဲ့သူကို ဆုငွေကျပ် သိန်းတစ်ရာ ချီးမြှင့်မယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်တွေ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပါတယ်။
2021-04-20
အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ NUG က ဖွဲ့စည်းမယ့် ပြည်သူ့ကာကွယ်ရေး တပ်မတော်မှာ ပူးပေါင်းပါဝင်မယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF နာယက စောညာမော်မဲက ပြောလိုက်ပါတယ်။
2021-04-19
စစ်ကောင်စီတပ်တွေရဲ့ မတရား သတ်ဖြတ် ဖမ်းဆီး နှိပ်စက်ခံရတဲ့ အမျိုးသမီးတွေ နဲ့ ကလေးသူငယ်တွေအတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တရားဝင်တိုင်ကြားဆောင်ရွက်ဖို့ စီစဉ်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာ လှလှစိုးက ပြောပါတယ်။
2021-04-19
အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်က ဦးစီးအရာရှိ (ဒုတိယတန်း- စစ်ရေးစစ်ထောက်) ဗိုလ်မှူး ဟိန်းသော်ဦး ဟာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဖီဆန်ပြီး ပြည်သူတွေနဲ့ပူးပေါင်းဖို့အတွက် မူဆယ်-လားရှိုးလမ်း နမ့်ဖက်ကာ ဒေသကနေ မြန်မာပြည်မြောက်ပိုင်းတနေရာကို ဒီရက်ပိုင်းအတွင်း ရောက်ရှိလာခဲ့ပါတယ်။
2021-04-16
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဟာ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးတွေ အပါအဝင် ပြည်ထောင်စုဝန်ကြီး ၁၅ ဦးပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဒီကနေ့ ဧပြီလ ၁၆ ရက်နေ့မှာ ဖွဲ့စည်းလိုက်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။
2021-04-15
ဆန္ဒပြခေါင်းဆောင်တွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးတာတွေရှိနေလဲ သပိတ်တွေ ပြိုလဲသွားမှာမဟုတ်ဘဲ စစ်အာဏာရှင် ဆန့်ကျင်ရေးကို လူထုအရေးတော်ပုံအနေနဲ့ ဆက်လက်ဆင်နွှဲမှာ ဖြစ်တယ်လို့ မန္တလေး သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းက ပြောလိုက်ပါတယ်။
2021-04-15
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ သပိတ်ခေါင်းဆောင်တစ်ယောက်အနေနဲ့ လူသိများထင်ရှားလာတဲ့ ကိုဝေမိုးနိုင်ကို၊ အရပ်ဝတ်နဲ့လူတစ်စုက အနက်ရောင်အရပ်သုံးကားနဲ့ ဝင်တိုက်ပြီး သပိတ်စစ်ကြောင်းထဲမှာပဲ ဖမ်းသွားပါတယ်။ သူ့ကို ကားနဲ့တိုက်တဲ့အပြင် ရိုက်နှက်ပြီး နမခတိုင်းစစ်ဌာနချုပ်ကို ခေါ်သွားတယ်လို့ ပြောကြပါတယ်။
2021-04-13
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကြားနာပွဲတခုကို သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့က ပါလီမန် အဆောက်အဦးမှာ ဧပြီလ ၁၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2021-04-13
တိုင်းရင်းသားတွေအားလုံးပါဝင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဦးဆောင်ဖွဲ့စည်းမယ့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မကြာခင်မှာ ပေါ်ပေါက်လာတော့မယ်လို့ ဒေါက်တာ ဆာဆာက ပြောလိုက်ပါတယ်။
2021-04-13
မနေ့က တနေ့လုံး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ရှိခဲ့ပြီး၊ ဒီနေ့ မနက်ပိုင်းအထိလည်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကိုပြောပါတယ်။
2021-04-12
မြန်မာနိုင်ငံမှာ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းမှုတွေ အရှိန်မြှင့်လုပ်ဆောင်လာနေတာကြောင့် သေဆုံးသူတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေ နေ့စဉ် တိုးလာနေပါတယ်။ ဒီအချိန်မှာ မြန်မာပြည်သူတွေအနေနဲ့ နိုင်ငံတကာဆီက စစ်ရေးအပါအဝင် အကူအညီတွေကို ပိုမိုမျှော်လင့်လာကြပါတယ်။
2021-04-11
ပဲခူးမှာ ဧပြီလ ၉ ရက်နဲ့ ၁၀ ရက်အတွင်း စစ်ကောင်စီတပ်တွေရဲ့ ဖြိုခွင်းပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၀၀ နီးပါးရှိသွားပြီဖြစ်သလို မနေ့ညကအထိ လိုက်လံဖမ်းဆီးနေတယ်လို့ အမည်မဖော်လိုတဲ့ ပဲခူးမြို့ခံ မျက်မြင်သက်သေ တစ်ဦးက ပြောပါတယ်။ အဲဒီမြို့ခံကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။
2021-04-09
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်မရောက်မချင်း စစ်အာဏာရှင်ပြုတ်ကျရေးကို ရရာနေရာကနေ အစွမ်းကုန် ပံ့ပိုးကူညီ ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီရဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ အဆိုတော် ချမ်းချမ်းက ပြောလိုက်ပါတယ်။
2021-04-09
တြိဂံဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ခံ မိုင်းပြင်းမြို့နယ်ရှိ ခမရ ၅၂၈ က ဗိုလ်ကြီး လင်းထက်အောင်ဟာ အာဏာရှင်စစ်ကောင်စီကို ဆန့်ကျင်ဖီဆန်ကာ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းလိုက်ပါပြီ။