ပြည်သူ့ကာကွယ်ရေးတပ်ကို အချိန်တိုအတွင်း ဖွဲ့စည်းမည်

2021.04.16

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဟာ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးတွေ အပါအဝင် ပြည်ထောင်စုဝန်ကြီး ၁၅ ဦးပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဒီကနေ့ ဧပြီလ ၁၆ ရက်နေ့မှာ ဖွဲ့စည်းလိုက်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရသစ် NUG မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒုသမ္မတ ဒူဝါလရှီးလ၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ခေါ် စာရေးဆရာ မောင်တင်သစ်၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာ ဆလိုင်း လျန်မုန်းဆာခေါင်၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်စီမံရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အပါအဝင် စုစုပေါင်း ပြည်ထောင်စုဝန်ကြီး ၁၅ ဦး ပါဝင်ပါတယ်။

ဒီကနေ့ အသစ်ဖွဲ့စည်းလိုက်တဲ့ “အမျိုးသားညီညွတ်ရေးအစိုးရ NUG” ဟာ ပထမဆုံးအကြိမ် အွန်လိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး သတင်းမီဒီယာတွေကို ဖိတ်ကြားခဲ့ပါတယ်။

အဲဒီအစည်းအဝေးအတွင်း RFA ရဲ့ မေးမြန်းချက်တွေကို ထုတ်လွှင့်ပေးလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။