သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-10
၄၃ နှစ်မြောက် ကချင်အာဇာနည်နေ့ အခမ်းအနားကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2018-08-09
လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် ချီလီသမ္မတဟောင်း Michelle Bachelet ကို ခန့်အပ်လိုက်တဲ့အပေါ် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သဘောထား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ သြဂုတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
2018-08-09
ကယားပြည်နယ် ဒီမောဆိုးမြို့နယ် မန်းလားကျေးရွာမှာ နှစ် ၇ဝ ပြည့် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ ကို KNPDP , KNPLF, KNLP နဲ့ KNSO စတဲ့ … ကရင်နီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ပူးပေါင်းပြီး သြဂုတ်လ ၉ ရက်နေ့က ကျင်းပပါတယ်။ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးပါတီ KNPDP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်မောင်မောင်ကို ဆက်သွယ်မေးမြန်း ထားပါတယ်။
2018-08-08
ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းဒေသမှာ သစ်ပင်စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီ လေးခုက အလုပ်သမား ၁၂ ဦးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA က ၈ နှစ်နီးပါးကြာ ဖမ်းဆီးထားခဲ့တာကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်လိုက်ပါတယ်။ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
2018-08-08
စစ်ကိုင်းတိုင်း ခန္တီးမြို့ ပြည်သူ့ဆေးရုံမှာ အရေးပေါ် လူနာကို ချက်ချင်းကုသမှုပေးဖို့ လိုအပ်နေချိန်မှာ ဆရာဝန်တွေက ကုသမှု မလုပ်နိုင်ခဲ့တာကြောင့် သြဂုတ်လ ၃ ရက်နေ့က အသက် ၂၄ နှစ်အရွယ် လူငယ်တဦး အသက်ဆုံးရှုံးခဲ့ပါတယ်။
2018-08-08
ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃ဝ ပြည့် အခမ်းအနားကို ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ ကျင်းပခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနာယကဦးလှမြင့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
2018-08-08
၁၉၈၈ လူထုအရေးတော်ပုံ နှစ် ၃ဝ ပြည့် အမှတ်တရအဖြစ် ပြည်သူ့ကဗျာ ဆရာကြီး မောင်စွမ်းရည်က ကဗျာတပုဒ် ရေးသားခဲ့ပါတယ်။ အဲဒီ “ရှစ်လေးလုံးအရေးတော်ပုံ” လို့ အမည်ပေးထားတဲ့ ကဗျာကို ဆရာက RFA အတွက် သူကိုယ်တိုင် ဖတ်ကြားပေးခဲ့ပါတယ်။
2018-08-07
မကွေးတိုင်း၊ ပခုက္ကူမြို့က တရုတ်နိုင်ငံသားပိုင် Myanmar Fu Fung အထည်ချုပ်စက်ရုံကို အစိုးရက ချိတ်ပိတ်လိုက်ပါတယ်။ ဦးဟန်ဇော်ဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။
2018-08-06
အစိုးရ တပ်မတော် ခေါင်းဆောင်တွေနဲ့ KIA/KIO ထိပ်ပိုင်းခေါင်းဆောင်တွေဟာ သြဂုတ်လ ၅ ရက်နေ့က တရုတ်နိုင်ငံ တာလီမြို့မှာ ငြိမ်းချမ်းရေး ကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဒီဆွေးနွေးပွဲအကြောင်းကို နိုင်ငံရေး၊ တိုင်းရင်းသားအရေး လေ့လာသုံးသပ်နေတဲ့ ဦးမောင်မောင်စိုးကို ဆက်သွယ်မေးမြန်းထား ပါတယ်။
2018-08-06
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ တောင်ကမ်းပါးယံနဲ့ စွန့်ပစ်မြေစာပုံ ပြိုကျမှုတွေ လျော့နည်းဖို့အတွက် ဒီဒေသမှာ လုပ်ကိုင်နေသူအားလုံးဟာ ရှောင်ကြဉ်ရမယ့် အချက်တွေ၊ လိုက်နာရမယ့် အချက်တွေကို အတိအကျ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က ပြောပါတယ်။ ဦးကျော်စွာအောင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။
2018-08-06
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် ပန်ကွပ်ကျေးရွာအနီးမှာ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA တို့အကြား သြဂုတ်လ ၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
2018-08-06
၃ရက်ကြာ ကျင်းပမယ့် ရှစ်လေးလုံးလူထုအရေးတော်ပုံ နှစ် ၃ဝပြည့် အခမ်းအနားအတွက် နိုင်ငံရေး ဆွေးနွေးပွဲတွေကို သြဂုတ်လ ၆ ရက်နေ့ကစပြီး ရန်ကုန်တက္ကသိုလ်ထဲမှာ ကျင်းပနေပါတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းမှာပါဝင်ခဲ့သလို ညီမျှခြင်းမြန်မာအဖွဲ့ကိုဦးဆောင်နေတဲ့ ဦးအောင်မျိုးမင်းကိုဆက်သွယ်မေးမြန်းထားပါတယ်။
2018-08-06
ရေဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့အတွက် ညှိနှိုင်းရေးကော်မတီတွေ ဖွဲ့စည်းဆောင်ရွက်သွား မယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် က ပြောပါတယ်။
2018-08-05
လက်ရှိမြန်မာပြည်ရဲ့ အခြေအနေ အထွေထွေဟာ တနေ့တခြား ပိုမိုဆိုးဝါးလာနေကြောင်း နဲ့ ပြည်သူအားလုံး ပိုမိုညီညွတ်ခြင်းဖြင့် ပြဿနာတွေကို အဖြေရှာနိုင်ကြမှာဖြစ်ကြောင်း ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဖိုးသံချောင်းက RFA ကိုပြောပါတယ်။
2018-08-05
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အုပ်ချုပ်ရေးရုံးရဲ့ မှတ်တမ်းတွေအရ ဖားကန့်ကျောက်စိမ်းတွင်း မှော်ဒေသမှာ ၂ဝ၁၆ ခုနှစ်ကစပြီး အခုနှစ် ဇူလိုင် လကုန်အထိ သုံးနှစ်အတွင်း ကျောက်တောင်ကမ်းပါးယံနဲ့ မြေတွေပြိုကျမှု အကြိမ် ၁ဝဝ ကျော်ရှိခဲ့ရာ လူဦးရေ ၂ဝဝ ကျော် သေဆုံးခဲ့ပါတယ်။