ဖားကန့်မြေပြိုမှု ၃ နှစ်အတွင်း သေဆုံးသူ ၂ဝဝ ကျော်ရှိ


2018.08.05

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အုပ်ချုပ်ရေးရုံးရဲ့ မှတ်တမ်းတွေအရ ဖားကန့်ကျောက်စိမ်းတွင်း မှော်ဒေသမှာ ၂ဝ၁၆ ခုနှစ်ကစပြီး အခုနှစ် ဇူလိုင် လကုန်အထိ သုံးနှစ်အတွင်း ကျောက်တောင်ကမ်းပါးယံနဲ့ မြေတွေပြိုကျမှု အကြိမ် ၁ဝဝ ကျော်ရှိခဲ့ရာ လူဦးရေ ၂ဝဝ ကျော် သေဆုံးခဲ့ပါတယ်။

ဖားကန့်- လုံးခင်းရတနာမြေမှာ ဘာကြောင့် ဒီလိုမြေတွေပြိုကျပြီး လူတွေ ထိခိုက်သေဆုံးနေကြတာလဲ ဆိုတာနဲ့ ပတ်သက်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဒီကနေ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။