သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-18
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံနေရတဲ့ ကျောင်းသူ မဖြိုးဖြိုးအောင်က လာမယ့်အစိုးရသစ် လက်ထက် မှာ ကျောင်းသားလှုပ်ရှားမှုတွေ ပိုမိုအားကောင်း လာမယ်လို့ မျှော်လင့်ကြောင်း ပြောကြားလိုက်ပါတယ်။
2015-11-18
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် အစိုးရသစ်အနေနဲ့ တောင်သူလယ်သမား အရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတွေကို ဦးစားပေးဆောင်ရွက်သင့်တယ်လို့ သာယာဝတီထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုသန်းထိုက်က ပြောကြားလိုက်ပါတယ်။
2015-11-16
ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ကျင်းပတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေး ပါတီတွေရဲ့ တွေ့ဆုံပွဲကို တက်ရောက်လာခဲ့ တဲ့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တွေ့ ဆုံမေးမြန်းထားပါတယ်။
2015-11-15
သတင်းစာဆရာမကြီး လူထုဒေါ်အမာရဲ့ နှစ် ၁ဝဝ ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲကို လာမယ့် နိုဝင်ဘာလ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ မန္တလေးမြို့မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သူ့ရဲ့မိသားစုဝင်တွေက ပြောပါတယ်။
2015-11-15
အစာအငတ်ခံဆန္ဒပြနေတဲ့ ဗကသကျောင်းသားတွေအနေနဲ့ အစာအငတ်ခံဆန္ဒပြနေတာကို စဉ်းစားသုံးသပ်သွားမယ်လို့ အစာငတ်ခံဆန္ဒပြပြီး အားနည်းတာကြောင့် ဆေးကုသမှုခံယူနေတဲ့ ဗကသ အဖွဲ့ဝင် ကိုအောင်မှိုင်းဆန်းက ပြောပါတယ်။
2015-11-14
လာမယ့် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ နောက်ဆုံး ကျင်းပမယ့် ပထမအကြိမ်လွှတ်တော် အစည်း အဝေးတွေဟာ နောက်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လွှတ်တော်အသစ် ကို ဆက်တိုက်ခေါ်ယူပြီး လွဲှပြောင်းပေးသွားမယ့် အနေအထားရှိတယ်လို့ သီပေါမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း က ပြော ပါတယ်။
2015-11-14
NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ပြည်ထောင်စုလွှတ်တော် နာယကတို့နဲ့ တွေ့ဆုံကြမယ့် အစီအစဉ်ထဲမှာတိုင်းပြည်ရဲ့ အနာဂတ်အရေးနဲ့အတူ အစိုးရသစ်ထဲ အာဏာခွဲဝေကျင့်သုံးဖို့ ကိစ္စတွေလည်း အဓိကဆွေးနွေးဖို့ ပါဝင်မယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။
2015-11-14
အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ နိုင်သင့်နိုင်ထိုက်သူတွေ အနိုင်ရခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2015-11-14
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA က ရွေးကောက်ပွဲစာရင်းတွေ ကြေညာပြီးရင် အစည်းအဝေးခေါ်ယူပြီး အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။
2015-11-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရဖွဲ့ပြီးရင် ဖြေရှင်းရမယ့် ပြဿနာတွေထဲက ပြည်တွင်းစစ်ရပ်စဲရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဦးစားပေးဆောင်ရွက်ပေးဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က မနေ့က ကြေငြာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2015-11-13
ရွေးကောက်ပွဲ အရှုံး၊ အနိုင်နဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဗမာပြည်ကွန်မြူနစ် ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ လှကျော်ဇောကို ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။
2015-11-13
အခုရရှိထားတဲ့ မဲစာရင်းအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစိုးရတစ်ရပ် ဖွဲ့နိုင်ပြီဖြစ်ပြီး ဖွဲ့စည်းပုံနဲ့ ကိုက်ညီတဲ့ မည်သည့်ပုဂ္ဂိုလ်ကိုမဆို သမ္မတအဖြစ် တင်မြှောက်နိုင်ပြီလို့ ရှေ့နေကြီး ဦးကိုနီက ပြောပါတယ်။
2015-11-13
ရှမ်းပြည်နယ် နမ့်စန်မြို့နယ် မဲဆန္ဒနယ်မှာ တစ်ဦးတည်းက မဲလက်မှတ် ၅ ခုလောက်နဲ့ မဲပေးခဲ့တာတွေ၊ ကြိုတင်မဲကို ကိုယ်စားပေးတာတွေ ရှိနေတဲ့အတွက် နမ့်စန်မြို့နယ် မဲစာရင်းရလဒ်ကို အန်အယ်လ်ဒီ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ တစည ပါတီ ကိုယ်စားလှယ်တွေက လွိုင်လင် ခရိုင်ကော်မရှင်ထံ ကန့်ကွက်စာတင်လိုက်ပါတယ်။
2015-11-11
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲတွေကို ပြန်လည် ရေတွက်ပေးဖို့ တောင်းဆိုရာမှာ အန်အယ်လ်ဒီပါတီက ကန့်ကွက်လိုက်ပါတယ်။
2015-11-11
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဥက္ကဌ ဦးတင်ဦးက လက်ရှိရရှိပြီးသား ရွေးကောက်ပွဲရလဒ်တွေအရ မိမိတို့ ပါတီအနေနဲ့ ပျမ်းမျှအားဖြင့် ၈ဝ% အနိုင်ရတယ်လို့ ခန့်မှန်းထားကြောင်း ဒီကနေ့ ပြောကြားလိုက်ပါတယ်။