မဲတွေကို ပြန်လည် ရေတွက်ဖို့ NLD ပါတီကန့်ကွက်


2015.11.11

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲတွေကို ပြန်လည် ရေတွက်ပေးဖို့ တောင်းဆိုရာမှာ အန်အယ်လ်ဒီပါတီက ကန့်ကွက်လိုက်ပါတယ်။

နောက်ဆုံးအခြေအနေအရ လက်ရှိရလဒ်အတိုင်း ကြေညာသွားမယ်လို့ သိရပါတယ်။

လက်ရှိမဲရလဒ်တွေအရ အန်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်း ဦးရည်မွန်(ခ) မောင်တင်သစ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးဝေလွင် ကို မဲ ၁၀၀ လောက်နဲ့ အနိုင်ရရှိထားတယ်လို့ သိရပါတယ်။

ဦးရည်မွန်(ခ) မောင်တင်သစ်ကို အာအက်ဖ်အေ သတင်းထောက် ကိုမျိုးသန့်ခိုင် က တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။