နမ့်စန်မြို့နယ်က ကြိုတင်မဲတွေကို ကိုယ်စားလှယ်တွေ ကန့်ကွက်စာတင်


2015.11.13

ရှမ်းပြည်နယ် နမ့်စန်မြို့နယ် မဲဆန္ဒနယ်မှာ တစ်ဦးတည်းက မဲလက်မှတ် ၅ ခုလောက်နဲ့ မဲပေးခဲ့တာတွေ၊ ကြိုတင်မဲကို ကိုယ်စားပေးတာတွေ ရှိနေတဲ့အတွက် နမ့်စန်မြို့နယ် မဲစာရင်းရလဒ်ကို အန်အယ်လ်ဒီ ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ တစည ပါတီ ကိုယ်စားလှယ်တွေက လွိုင်လင်ခရိုင်ကော်မရှင်ထံ ကန့်ကွက်စာတင်လိုက်ပါတယ်။

လွိုင်လင်ခရိုင် ကော်မရှင်ထံ ကန့်ကွက်ရာမှာ ပါဝင်တဲ့ နမ့်စန်မြို့နယ် ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းဇော်ဝင်း ကို RFA သတင်းထောက် မမိုးကလျာဦး က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။