တိုင်းရင်းသားတွေရဲ့ သမိုင်းနဲ့ ဆန္ဒကို အသိအမှတ်ပြုဖို့ ကရင်လူ့အခွင့်အရေးအဖွဲ့ တောင်းဆို
2021.01.06
ကရင်တိုင်းရင်းသားတွေ နေထိုင်ရာ ဒေသတွေမှာ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ရုပ်တု စိုက်ထူထားရှိတာကို အစိုးရဘက်က အသိအမှတ်ပြုပေးဖို့နဲ့ တားဆီးပိတ်ပင်တာတွေ မလုပ်ဖို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ဧရာဝတီတိုင်း ကန်ကြီးဒေါင့်မြို့နယ် ဘဲဂရက်ကျေးရွာမှာ စိုက်ထူထားတဲ့ စောဘဦးကြီးရုပ်တု ဖြုတ်ချခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ကြေညာချက်ထုတ်ပြန်တာဖြစ်ပါတယ်။
တန်းတူညီမျှရေး၊ တိုင်းရင်းသားတွေရဲ့ သမိုင်းအမွေအနှစ် မပျောက်ပျက်ရေးအတွက် အာဏာပိုင်တွေဘက်က ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ လိုလားတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) စည်းရုံးရေးမှူး စောနန္ဒဆူးက ပြောပါတယ်။
စောနန္ဒဆူးကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။