မြစ်ကြီးနားထောင်ကပြန်လွတ်လာတဲ့ ဒေါ်နန်ပူနဲ့ဆက်သွယ်မေးမြန်းချက်
2019.04.05

ကချင်ပြည်နယ်ကစစ်ပွဲတွေကြား ပိတ်မိနေတဲ့အရပ်သားတွေကို ကယ်ထုတ်ခွင့်ပြုဖို့နဲ့ စစ်ပွဲတွေရပ်ဖု့ိ မြစ်ကြီးနားမြို့မှာ တောင်းဆိုဆန္ဒပြတဲ့အတွက် ထောင်ဒဏ် ၆ လ ချမှတ်ခံရတဲ့ ကချင်တက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူကို ထောင်ဒဏ် ၂ လ လျှော့ပေးလိုက်ပြီးနောက် ဒီနေ့မှာ မြစ်ကြီးနားထောင်ကပြန်လွတ်လာပါတယ်။
မြစ်ကြီးနားထောင်မှာ အကျဉ်းသူတွေအတွက် နေစရာကြပ်သိပ်နေပြီး၊ ကျန်းမာရေးစောင့်ရှောက်မှု အတော်ညံ့ဖျင်းနေတယ်လို့ ဒေါ်နန်ပူက ပြောပါတယ်။
ဒေါ်နန်ပူကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။