ဖခင် ဖမ်းဆီးခံလိုက်ရတဲ့ ထားဝယ်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.06.20
2023.06.20
ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကို လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာမှာရှိတဲ့ မိဘတွေ နေအိမ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ လောက်က စစ်ကားလေးစီးနဲ့ ဇွန် ၁၉ ရက်က လာရောက်ရှာဖွေပေမဲ့ သူ့ကိုမတွေ့လို့ ဖခင်ကို ဖမ်းဆီးသွားပါတယ်။
အိမ်မှာ ကျောင်းသားသမဂ္ဂလက်ပတ်နဲ့ တီရှပ်တစ်ထည်တွေ့ရှိပြီး ဘတ္ထရီအိုးနှစ်လုံးကြားဆက်တဲ့ ကြိုးကိုတွေ့တဲ့အခါ ဒီပစ္စည်းတွေကို အိမ်မှာသုံးခွင့်မရှိတဲ့အကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခြိမ်းခြောက်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ကိုမင်းလွင်ဦးရဲ့မိခင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လေးရက်ကြာ ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။
ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကို မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။