အာဏာရှင်တော်လှန်ရေး အရှိန်မြှင့်ဖို့လိုတယ်လို့ ဦးကျော်မိုးထွန်း ပြော

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2023.05.21

မြန်မာပြည်သူတွေရဲ့ အာဏာရှင်တော်လှန်ရေးဟာ နိုင်ငံတကာရဲ့ အာရုံစိုက်ကူညီမှုတွေ လိုအပ်သလောက် မရရှိသေးပေမယ့် အောင်မြင်တိုးတက်မှုအများအပြား ရရှိနေပြီဖြစ်ပါတယ်လို့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့ကို ပြည်သူ့ဂုဏ်ရည်ဆု လက်ခံရယူဖို့ရောက်ရှိနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

တစ်ဆက်တည်းမှာပဲ လက်ရှိစစ်ကောင်စီကို ထောက်ခံပူးပေါင်းဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေကိုလည်း ဒီမိုကရေစီ အလျင်အမြန်ရရှိရေးအတွက် ပြည်သူလူထုဘက်က အမြန်ဆုံးရပ်တည်ဖို့ သူက တိုက်တွန်းလိုက်ပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။