ရွေးကောက်ပွဲမှာ ကိုယ်စား မဲပေးတာတွေရှိခဲ့ကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တိုင်ကြား
ခင်ခင်အိ
2020.11.19
2020.11.19
ရွေးကောက်ပွဲအတွင်း မဲဆန္ဒရှင်တွေကို မဲဆွယ်မှုတွေနဲ့ ကြိုတင်မဲတွေမှာ မဲပေးသူရဲ့ ဆန္ဒမပါဘဲ ရပ်ကျေးကော်မရှင်အဖွဲ့ဝင်တွေက ကိုယ်စားမဲပေးတာတွေကို အရေးယူပေးဖို့ အင်းစိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တိုင်ကြားထားကြောင်း သိရပါတယ်။
ကော်မရှင်ရဲ့ လက်ရှိဖြေရှင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကျော်လင်းကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
----------------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)