စစ်ကောင်စီပညာရေးကို ဆန့်ကျင်တဲ့ကျောင်းသားတွေအတွက် ပညာရေးအစီအစဉ်များ
ခက်မာ (ဝါရှင်တန် ဒီစီ)
2023.06.22
2023.06.22
စစ်ကောင်စီပညာရေးကို ဆန့်ကျင်ပြီး ကျောင်းမတက်ကြတဲ့ ကျောင်းသားတွေအတွက် အသက်အရွယ် အလိုက်ပေးတဲ့ပညာရေးစနစ်ဆီ သွားဖို့ပြင်ဆင်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။ အခြေခံ၊ အထက်တန်း၊ အသက်မွေး ပညာရပ်တွေ သင်ယူနိုင်ဖို့ “အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း" အစီအစဉ်ကို ဆောင်ရွက်နေပြီး အဲဒီကရတဲ့ အမှတ်နဲ့ နိုင်ငံတကာတက္ကသိုလ်တွေကို ချိတ်ဆက်ပညာသင်ယူနိုင်ဖို့ အမေရိကန် ခရီးစဉ်မှာ ဆွေးနွေးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒေါက်တာ ဇော်ဝေစိုးကို မခက်မာ RFA စတူဒီယိုထဲမှာ တွေ့ဆုံမေးမြန်းထားပါတယ်။