ကိုဗစ်ကာကွယ်ဆေးထိုးကြဖို့ ပါမောက္ခ ဦးသိန်းအောင် တိုက်တွန်း
ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.08.04
2021.08.04
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်မှုနဲ့ သေဆုံးမှုတွေ ဆက်လက်မြင့်မားနေဆဲဖြစ်ပြီး အခုအချိန်မှာ ပြင်ပနဲ့ ဆက်စပ်ထိတွေ့မှုတွေကို အတတ်နိုင်ဆုံး ရှောင်ရှားဖို့ လိုအပ်ပါတယ်လို့ အမျိုးသားကာကွယ်ဆေးထိုးနှံမှု အကြံပေးအဖွဲ့ဝင် ဆရာဝန်ကြီး ပါမောက္ခ ဦးသိန်းအောင်က ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေးကို တတ်နိုင်သမျှ ထိုးနှံကြဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။ ပါမောက္ခကြီး ဦးသိန်းအောင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။