သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-04-30
ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ကချင်ပြည် နယ်က လွယ်ဂျယ် နဲ့ ကန်ပိုက်တီ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်စခန်းနှစ်ခုမှာဖွင့်လှစ်ထားတဲ့ ဋ္ဌာန ၅ ခုကနေ အခွန် ငွေကျပ်စုစုပေါင်း ၁၃ ဘီ လျံ ကျော်ကောက် ခံရရှိခဲ့ပါတယ်။
2017-04-30
ပြည်ခိုင်ဖြိုးပါတီအာဏာရစဉ်အချိန်က မကွေးတိုင်းဒေသကြီးရန်ပုံငွေတွေထဲက ပါတီကို ၁.၇ ဘီလီယံ လှူဒါန်း တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ ပါတီရဲ့ ပုံရိပ်ကို ထိခိုက်အောင်လုပ်နေတာဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင် ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
2017-04-30
တအာင်းလူမျိုးနဲ့ရှမ်းလူမျိုးအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ညီလာခံကို လားရှိုးမြို့က ဂေါက်ကလပ် ဟိုတယ် ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2017-04-30
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ UN က ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ် မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေး ကော်မတီ JMC-U ကို ဒီကနေ့ ရန်ပုံငွေ အမေရိ ကန်ဒေါ်လာ ၆ ဒသမ ၅ သန်း လှူဒါန်းလိုက်ပါတယ်။
2017-04-30
ပျောက်ဆုံးနေတဲ့ မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကိစ္စကို အသုံးချပြီး ပါတီကို နိုင်ငံရေးအရ ထိုးနှက်လာရင် ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ဧပြီ ၂၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။
2017-04-30
မန္တလေးစက်မှုဇုန်က စည်းကမ်းမဲ့ ရေဆိုး စွန့်ထုတ်တဲ့ ကျားမင်းကြီး အရက်ချက်စက် ရုံကို စက်ရုံလည်ပတ်ခွင့် ရပ်ဆိုင်းခိုင်းထားပြီး လိုင်စင်ကို ယာယီပိတ်သိမ်းဖို့ စီစဉ်နေတယ်လို့ မန္တလေးမြို့ ဒုတိယ မြို့တော်ဝန်က ပြောပါတယ်။
2017-04-30
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ ဟိုက်ဖတ်ကျေးရွာမှာ မနေ့ နေ့ လယ်လောက်က လေပြင်း တိုက်ခတ် ခဲ့ပြီး နေအိမ် ၁ဝဝ လောက် ပျက်စီးသွားတယ်လို့ နမ့်စန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးနေဇော်နိုင်က ပြော ပါတယ်။
2017-04-30
ပြီးခဲ့တဲ့၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ကချင်ပြည်နယ်က ကန်ပိုက်တီနဲ့ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး စခန်းနှစ်ခုမှာ ဖွင့်လှစ်ထားတဲ့ ဦးစီးဋ္ဌာန ၅ ခုကနေ အခွန်ငွေကျပ် စုစုပေါင်း ၁၃ ဘီလျံကျော် ကောက်ခံရရှိခဲ့တယ်လို့ ပြည်နယ်အစိုးရ အဖွဲ့ကနေ သိရပါတယ်။
2017-04-29
ဧပြီလ ၂၉ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " ခေတ်စနစ်တွေ အကြောင်း " ဆိုတဲ့ ခေါင်း စဉ်အောက်မှာ စာရေးဆရာ မောင်သာချို၊ နဲ့ ကာတွန်းဆရာ စိုးသော်တာ တို့က ပင်တိုင် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2017-04-29
ရှမ်းပြည်နယ် လားရှိုးမြို့နဲ့ သန္နီမြို့ကြားက ရေပူအမြဲ တမ်းစစ်ဆေးရေးဂိတ်မှာ မနေ့က တရားမဝင် သစ်တွေတင်လာတဲ့ ၁၂ ဘီးကား ၅ စီးနဲ့ အတူ ရှေ့ပြေးသတင်းပေးတဲ့ ကားကိုပါ ဖမ်းဆီးရမိတယ်လို့ အဲဒီစစ်ဆေးရေးဂိတ် တာဝန်ခံ ဦးတက်ထွန်းအောင်က ပြောပါတယ်။
2017-04-29
ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖော် မယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကို ဒေသခံတွေထိခိုက်နစ်နာမှု မရှိအောင် အလေးထားဆောင်ရွက်မှာဖြစ်တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီး ဒေါက်တာသန်းမြင့် က ပြောပါတယ်။
2017-04-29
မတ်လ ၂၆ ရက်နေ့ထုတ် The Voice နေ့ စဉ် သတင်းစာမှာ တပ်မတော်က ရိုက်ကူး တဲ့ "ပြည်ထောင်စုသစ္စာ" ရုပ်ရှင်ဇာတ်ကားကို "ကျည်ထောင် စုသစ္စာ" ခေါင်းစဉ်နဲ့ သရော်စာရေးသား ဖော်ပြတဲ့အတွက် တပ်မတော်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို တိုင်ကြား ထားပါတယ်။
2017-04-29
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ပုံရွာ အနီးက ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရေမဆေးသ မားတွေ တွေ့ရှိခဲ့တဲ့ ခန့်မှန်းအလေးချိန် ၄ တန်ကျော် ရှိ ကျောက်စိမ်းအရိုင်းတုံးကို ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ် နဲ့ မြစ်ကြီးနားမြို့ကို ဒီကနေ့ သယ်ယူလာပြီဖြစ်ပါတယ်။
2017-04-29
မေလရဲ့ ပထမ ၁ဝ ရက်အတွင်းမှာ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိ အားနည်းရပ်ဝန်းဖြစ်နိုင်ပြီး "မုန်တိုင်းငယ် "တစ်ခုဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကနေ သတင်းထုတ်ပြန်ပါတယ်။
2017-04-29
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်မှာ ဧရာဝတီမြစ်ရေ မြင့်တက်ပြီး မြေပဲစိုက်ခင်း ဧက တစ်ထောင်လောက် ရေနစ်မြုပ်နေ တယ်လို့ ကသာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။