သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-31
ဒုတိယအကြိမ် လွှတ်တော်သက်တမ်းရဲ့ ပထမ ဆုံးနေ့ လွှတ်တော်အစည်းအဝေးကို မနက်ဖြန်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ လွှတ်တော်အသီးသီး က အနိုင်ရအမတ်တွေ ဘာတွေပြင်ဆင်ထားပြီး ပြီလဲ၊ ကိုယ်စားလှယ်အသစ်တွေအတွက် ဘယ်လို စိန်ခေါ်မှုတွေ ရှိနေသလဲ ဆိုတာနဲ့ပတ်သက် ပြီး ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် ကိုဘုန်းမြတ်က စုစည်းတင်ပြထားပါတယ်။
2016-01-31
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးမြို့နယ်က ဟိုက်ပါစစ်ဘေးဒုက္ခသည်စခန်းမှာ လာရောက် ခှိုလှုံနေရတဲ့ ဒုက္ခသည်တွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို စစ်တမ်းကောက်ယူပြီး ဖေဖော်ဝါရီလမှာ ကျင်းပ မယ့် ပြည်သူ့လွှတ်တော်မှာ တင်ပြသွားမယ်လို့ သိရပါတယ်။
2016-01-31
ရခိုင်ပြည်နယ် မြေပုံမြို့နယ်တရားရုံးက ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှု စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ခံလိုက်ရတဲ့ ရခိုင်အမျိုးသားပါတီဝင်၊ မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့်ကို မင်းပြား မြို့နယ်ရဲစခန်းကနေ ကျောက်ဖြူအကျဉ်းထောင်ကို ရွှေ့ပြောင်းလိုက်ပါတယ်။
2016-01-31
ထိုင်းမြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ မူးယစ် စိတ်ကြွဆေးပြား ပြုလုပ်ရာမှာ အသုံးပြုတဲ့ ကျပ်သိန်းပေါင်း ၅၅၀ ကျော်တန်ဖိုးရှိတဲ့ ဓါတုဆေးတွေကို ဇန်နဝါရီလ ၃၀ ရက်နေ့က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့ တယ်လို့ မူးယစ်ရဲအုပ် အောင်ကျော်စိုး က ပြောပါတယ်။
2016-01-31
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးမြို့နယ်က ဟိုက်ပါစစ်ဘေးဒုက္ခသည်စခန်းမှာ ခှိုလှုံနေကြတဲ့ ဒုက္ခသည်တွေရဲ့ နစ်နာ ဆုံးရှုံးမှုတွေကို လာမယ့် ပြည်သူ့လွှတ်တော် မှာ တင်ပြဖို့အတွက် စစ်တမ်းကောက်ယူနေပါတယ်။
2016-01-31
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျီရာပြင်ကျေးရွာနဲ့ စေတီတောင်ကျေးရွာမှာရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို နီးစပ်ရာကျေးရွာတွေမှာ ပြည် နယ်အစိုးရက လုံးချင်း နေအိမ်တွေဆောက်လုပ်ပြီး နေရာ ချထားပေးနေပါတယ်။
2016-01-31
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေး အရာရှိ၊ NLD ဥက္ကဋ္ဌရုံးတာဝန်ခံ ဒေါက်တာ တင်မာအောင်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ ကစပြီး တာဝန်က အနားယူမှာဖြစ်ပါတယ်။
2016-01-31
မနက်ဖြန်ကျင်းပမယ့် ဒုတိယအကြိမ်လွှတ်တော် အစည်းအဝေး ပထမနေ့မှာ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်သစ်တွေ ကျမ်းသစ္စာ ကျိန်ဆိုကြပြီး ပြည်သူ့လွှတ်တော် ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေကို ရွေးချယ်တင်မြှောက် မှာ ဖြစ်ပါတယ်။
2016-01-31
လာမယ့်အစိုးရသစ်အတွက် နိုင်ငံတော်သမ္မတလောင်း အဖြစ် ဖြစ်လာနိုင်သူတွေကို ထင်ကြေးပေးနေကြ တာတွေ ရှိပါတယ်။
2016-01-31
ရန်ကုန်မြို့မှာ ဇန်နဝါရီလပိုင်းအတွင်းက နိုင်ငံတော်အစိုးရပိုင်နဲ့ ကုမ္မဏီပိုင်မြေတွေပေါ်မှာ ကျူးကျော်နေထိုင်တယ် ဆိုပြီး လူနေအိမ်တွေ အဖျက်ခံရတွေကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
2016-01-31
ကချင်ပြည်နယ် ဝိုင်းမော်မြို့သာဂရ၊ သရက်တော ဘုန်းတော်ကြီးကျောင်းမှာ နေထိုင်နေကြတဲ့ စစ်ဘေး ဒုက္ခသည် ၄၀၀ ကျော်ကို WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ကနေ စားနပ်ရိက္ခာတွေအစား လူတစ်ဦး ကို ထောက်ပံ့ကြေးငွေ ကိုးထောင်ကျပ် ပြောင်း လဲထောက်ပံ့တဲ့အစီအစဉ်ကို အခု ဇန်နဝါရီလမှာ ပထမဆုံး အကြိမ်အဖြစ် စတင်လိုက်ပါတယ်။
2016-01-30
ရန်ကုန်မှာ အမှန်တကယ်နေထိုင်ပြီး အိုးပိုင်၊ အိမ်ပိုင်မရှိသူတွေအတွက် တစ်လ သုံးသောင်းနဲ့ ငှားရန်းနေထိုင်နိုင်တဲ့ မဟာဗန္ဓုလ အငှားအိမ်ရာလျှောက်လွှာတွေကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးမှာ လျှောက်ထားနိုင်ပြီလို့ သိရပါတယ်။
2016-01-30
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီ အနေနဲ့ လွှတ်တော်ဥက္ကဌတွေ ဒုတိယ ဥက္ကဌတွေ ရွေးချယ်လိုက်တဲ့ကိစ္စ၊ သမ္မတ ဦးသိန်းစိန်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ရှေ့ဆက် ရင်ဆိုင်သွားရမယ့် လုပ်ငန်းကိစ္စရပ်တွေအကြောင်း ကို တရားရုံးချုပ် ရှေ့နေကြီး ဦိးစန်းမောင်နဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့် တို့ကို ဆက်သွယ်ပြီး ဦးခင်မောင်ညိန်း က ဆွေးနွေး တင်ပြထားပါတယ်။
2016-01-30
တိုင်းရင်းသားတွေနဲ့ ကိုက်ညီတဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုှပ်နှံမှု မူဝါဒ တစ်ခုထွက်ပေါ် လာဖို့ ရည်ရွယ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ က ခေါင်းဆောင်တွေနဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင် မြို့မှာ အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကျင်းပနေပါတယ်။
2016-01-30
ပဲခူးမြို့အနီး ဟံသာဝတီ နိုင်ငံတကာ လေ ဆိပ်ကြီး တည်ဆောက်ရေးအတွက် အရေး ကြီးတဲ့ ပဏာမသဘောတူညီချက်ကို မြန် မာနိုင်ငံ မြို့ပြလေကြောင်းဦးစီးဌာန နဲ့ ပြည်ပကုမ္ပဏီ သုံးခု တို့ဟာ မနေ့က တရားဝင် လက်မှတ်ရေးထိုးလိုက်ကြတယ် လို့ ချယ်နယ်လ် နယူးအေးရှား သတင်းဌာနက ဖေါ်ပြ ပါတယ်။