ဟိုက်ပါ စစ်ဘေးဒုက္ခသည်တွေကို စစ်တမ်းကောက်ယူမှု မေးမြန်းချက်
2016.01.31
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးမြို့နယ်က ဟိုက်ပါစစ်ဘေးဒုက္ခသည်စခန်းမှာ လာရောက်ခှိုလှုံနေရတဲ့ ဒုက္ခသည်တွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို စစ်တမ်းကောက်ယူပြီး ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ပြည်သူ့လွှတ်တော်မှာ တင်ပြသွားမယ်လို့ သိရပါတယ်။
ဟိုက်ပါစစ်ဘေးဒုက္ခသည်စခန်းကို သွားရောက်စစ်တမ်းကောက်ယူခဲ့တဲ့ ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ လွတ်လပ်သောရှေ့နေများအသင်းက ဒေါ်ခင်မိုးမိုးကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။