သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-31
ဒီမိုကရေစီပညာရေးအတွက် ခရီးရှည်ချီတက်နေ တဲ့ ကျောင်းသားသပိတ်နဲ့ ဒီနေ့ပြုလုပ်မယ့် အစိုးရနဲ့ ဆွေးနွေးပွဲအပေါ် လေ့လာသူတွေရဲ့ သုံးသပ်ချက်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။
2015-01-31
ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်တောင်း ဆိုနေတဲ့ ကျောင်းသားတွေကို ဘယ်အဖွဲ့ကမှ သွေး ထိုးမြှောက်ပင့်နေတာမဟုတ်ပဲ ကျောင်းသားအသိ နဲ့ ကျောင်းသားအခွင့်ကို တင်ပြနေတာသာဖြစ်တယ် လို့ ဗကသများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုက ပြော ပါတယ်။
2015-01-31
မြေသိမ်းယာသိမ်းမှုတွေကို အခမဲ့လိုက်ပါဆောင်ရွက်ပေးမှုနဲ့ အိုးဘိုထောင်မှာ ချုပ်နှောင်ခံထားရတဲ့ မေမြို့ခေါ် ပြင်ဦးလွင် က တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းဟာ တရားစီရင်ရေး စနစ်ကို အယုံအကြည်မရှိတဲ့အတွက် မနေ့ကစပြီး အစာငတ် ခံ ဆန္ဒပြနေတယ်လို့ သူ့ဇနီးနဲ့ သူ့အမှုကို လိုက်ပါဆောင် ရွက်နေတဲ့ ရှေ့နေက ပြောပါတယ်။
2015-01-31
မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ မတန်တဆမြင့်မားနေတဲ့ အိမ်ခြံမြေဈေးနှုန်းတွေဟာ ထူးထူးခြားခြားဆိုသလို အခုနှစ်ဆန်းပိုင်းမှာ ကျဆင်းလာပါတယ်။
2015-01-31
နိုင်ငံတော်ဘက်ဂျက်ဆိုင်ရာ ငွေ စာရင်းတွေ၊ အခွန်ကောက်ခံမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေ ပိုမိုသိရှိနားလည်လာစေဖို့ ရည်ရွယ်ပြီး စီးပွားရေးပညာ ရှင်တွေ ဦးဆောင်တဲ့ ဆွေးနွေးပွဲတစ်ခုကို ရန်ကုန် မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2015-01-31
မနက်ဖြန်မှာ ပြုလုပ်မယ့် ပညာရေး ဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအတွက် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်တွေနဲ့ NNER ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် အဖွဲ့ဝင်တွေ ဒီကနေ့ ရန်ကုန်မြို့မှာ အကြိုတွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။
2015-01-31
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြိန်းချောင်းနဲ့ အုတ်တောင်ပြင်ရွာမှာ တပ်မတော်က သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၁၃၀ ကျော်ကို တောင်သူတွေဆီကို ဒီကနေ့ ပြန် လည်ပေးအပ်လိုက်ပါတယ်။
2015-01-31
နိုင်ငံရေးမှာ လမ်းကြောင်းမှန်ကန်ဖို့ အရေးကြီးပြီး၊ နိုင်ငံရေးပြေလည်မှုရှိ မှ ပြည်သူတွေရဲ့ စားဝတ်နေရေးပြေ လည်နိုင်မယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။
2015-01-31
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ရွှေပြည်သာ ဘုရားဝင်းမှာ ဗိုလ်ချုပ်နှစ်တစ်ရာပြည့် မွေးနေ့အကြို လူထုဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ပြီးဟောပြောခဲ့ပါတယ်။
2015-01-30
အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသား စကားများ အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေအပေါ် အခြေခံပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက စီစဉ် တင်ဆက်ထားပါတယ်။
2015-01-30
မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ် မိုင်းဒိုင်း ကျေးရွာအုပ်စုထဲမှာ နေထိုင်ကြတဲ့ ကျောင်းနေအရွယ် ကလေးသူငယ်တွေဟာ စားဝတ်နေရေးအခက်အခဲကြောင့် အခြေခံပညာ မသင်ယူနိုင်တာကို တွေ့ရပါတယ်။
2015-01-30
ရန်ကုန်တိုင်း ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်) ၁၆၈ ရပ်ကွက်က လူနေအိမ်အလုံးတစ်ရာကျော်ကို မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့အမိန့်နဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက ၂ဝ၁၅ ဇန်နဝါရီလ ၃ဝ ရက်နေ့ မနက်ပိုင်းမှာ အင်အားသုံး ဖယ်ရှားခဲ့ပါတယ်။
2015-01-30
ချင်းပြည်နယ် ဟားခါးမြို့အထွက် ကြာရ်ကြန်တောင်ထိပ်မှာ စိုက်ထူထားတဲ့ ဆုတောင်းပြည့် လက်ဝါးကပ်တိုင်ကို ချင်းပြည်နယ်အစိုးရက ဖယ်ရှားခိုင်းတာကြောင့် ၂ဝ၁၅ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ချင်းလူငယ်တွေ ဆန္ဒပြခဲ့ကြပါတယ်။
2015-01-30
ပြည်ထောင်စုလွှတ်တော် သက်တမ်း ၄ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲကို နေပြည်တော် ဇမ္ဗူသီရိ ခန်းမမှာ ၂ဝ၁၅ ဇန်နဝါရီလ ၃ဝ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2015-01-30
အစိုးရက ပြဌာန်းထားတဲ့ ပညာရေးဥပဒေ ပြုပြင်ရေး အတွက် ကျောင်းသားတွေရဲ့ ဆန္ဒပြတောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပညာရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဒေါ်ရင်ရင်နွယ် ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။