သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-08-27
ဗန်းမော်မြို့နဲ့ ငါးမိုင်ခန့်အကွာမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပါတယ်။
2024-08-27
စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အခုခွင့်ပြုပေးလိုက်တဲ့ ပါတီနှစ်ခုအပါအဝင် နိုင်ငံရေးပါတီ ၁၄ ပါတီကို ပါတီတည်ထောင်ခွင့်ပြုထားပါတယ်။
2024-08-27
မုံရွာမြို့ အိုးရှင်းစူပါစင်တာအနီး ကလေးနှစ်ဦး အပါအဝင် ခြောက်ဦး ပစ်သတ်ခံလိုက်ရပါတယ်။
2024-08-27
မောင်တောမြို့နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့ လက်နက်တပ်ဆင်ပေးထားတဲ့ မွတ်စလင်လက်နက်ကိုင် စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရမိတယ်လို့ AA ရဲ့ ဩဂုတ်လ ၂၆ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
2024-08-26
ဖြူးမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရဟန်းတစ်ပါး ပျံလွန်တော်မူပြီး လူခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2024-08-26
ကော့ဘဇားဒုက္ခသည်စခန်း အကြီးအကဲက ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရိုဟင်ဂျာငါးသောင်း ကျော်လောက် ထပ်ရောက်လာတယ်လို့ ပြောပါတယ်။
2024-08-26
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ခုနှစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားနဲ့ မှတ်တမ်းရုပ်ရှင်ပြပွဲကို ထိုင်းနိုင်ငံမဲဆောက်မြို့မှာ ကျင်းပပါတယ်။
2024-08-26
စစ်အာဏာရှင်လက်အောက်ကနေ မလွတ်မြောက်သေးလို့ ဆုရပေမယ့် မပျော်နိုင်ဘူးလို့ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုက ပြောပါတယ်။
2024-08-26
အလွတ်သတင်းထောက် နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တာကို တုန်လှုပ်ချောက်ချားရတယ်လို့ RSF က ကြေညာချက်ထုတ်ပြန်ပါတယ်။
2024-08-26
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု ဆက်လက်ဖြစ်ပွားနေတာ အထူးစိုးရိမ်ကြောင်း ဘရူနိုင်းစော်ဘွားနဲ့ မလေးရှားဝန်ကြီးချုပ်တို့က ပြောကြားလိုက်ပါတယ်။
2024-08-26
သံဃာ နှစ်ပါး၊ အသက် ၁၈ နှစ်အောက် ကလေးတစ်ဦးအပါအဝင် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၇ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။
2024-08-26
အွန်လိုင်း ဒုစရိုက်ဂိုဏ်းက လူ ထောင်နဲ့ချီဖမ်းဆီးမိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောတယ်လို့ ဘရာဇီးလ်သတင်းဌာနက ပြောပါတယ်။
2024-08-26
သပိတ်ကျင်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်သလို စစ်ကိုင်းတိုင်းက ထီးချိုင့်၊ အင်းတော်နဲ့ ပင်လည်ဘူးမြို့တွေမှာလည်း တော်လှန်ရေး ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ် အခြေစိုက်စခန်းတွေအထိ ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
2024-08-26
လက်ပံတန်းမြို့နယ်မှာ ဆိုင်ကယ်အငှားမောင်းတဲ့ အမျိုးသားသုံးဦးကို ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်သတ်လိုက်ပါတယ်။
2024-08-26
တယ်လီဂရမ် Social Media တည်ထောင်သူလည်းဖြစ် အမှုဆောင်အရာရှိချုပ်လည်းဖြစ်တဲ့ ပါဗယ်ဒူရော့ဗ်ကို ပြင်သစ်နိုင်ငံအဝင် လေဆိပ်မှာ အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ပြင်သစ်မီဒီယာတွေမှာ ဖော်ပြကြပါတယ်။