သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-04-25
မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး အရေးပေါ်ခေါ်ယူခဲ့တဲ့ အာဆီယံ ခေါင်းဆောင်တွေ အစည်းအဝေးမှာ မြန်မာ့အရေး ဘာတွေဆွေးနွေးခဲ့ကြသလဲ ဆိုတာကို နိုင်ငံတွင်းမှာ လုံးဝ သတင်းမှောင်ချထားတာ တွေ့ရပါတယ်။
2021-04-25
ဧပြီလ ၂၅ ရက်နေ့ ဒီနေ့ညမှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ညသပိတ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
2021-04-25
အင်တာနက်လိုင်း အားလုံးဖြတ်တောက်ခံထားရတဲ့ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့အတွင်းက ကျေးရွာပြည်သူများ ဧပြီလ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ မရပ်မနား လူထုဆန္ဒပြပွဲ ကျင်းပခဲ့ကြပါတယ်။
2021-04-25
ဧပြီလ ၂၅ ရက်နေ့ ဒီနေ့မှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခန်မြို့သစ် သပိတ်စစ်ကြောင်းနှင့်အတူ ဟောင်ပါးသပိတ်စစ်ကြောင်းတို့က စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။အလားတူ စစ်ကိုင်းမြို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆိုင်ကယ်များဖြင့် လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
2021-04-25
မကွေးတိုင်း ရေစကြိုမြို့နယ်ထဲမှာပါဝင်တဲ့ ကြူရွာက ရွာသူရွာသားတွေဟာ ဧပြီ ၂၄ ရက်နေ့ မနေ့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးသပိတ်ပြုလုပ်ခဲ့ကြသလို ညသပိတ်လည်း ပြုလုပ်ခဲ့ကြပါတယ်။
2021-04-25
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ စစ်အာဏာဆန့်ကျင်ရေး ဒီနေ့ ဧပြီ ၂၅ ရက်နေ့က ဆန္ဒပြခဲ့ကြတာပါ။
2021-04-25
ပဲခူးမြို့ အနောက်ပိုင်း အ.ထ.က(၇)ကျောင်းက အထက်တန်းပြ ဆရာမ ဒေါ်အေး အေးသက် ကို စစ်ကောင်စီတပ်တွေက ဧပြီ ၂၅ ရက် ဒီကနေ့မနက် ၁၁ နာရီခွဲ လောက်မှာ နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားကြောင်း "မြေလတ်အသံ" သတင်းမှာ ဖော်ပြထားပါတယ်။
2021-04-25
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC တစ်ယောက်ဖြစ်တဲ့ ဦးထွန်းထွန်းဟိန်ဟာ ဦးနှောက်သွေးကြောတစ်ချောင်းနဲ့ အသက်ရှင်နေရတာဖြစ်ပြီး အခုလို အဖမ်းဆီးခံရတဲ့ သုံးလတာကာလအတွင်းမှာ ကျန်းမာရေးစိုးရိမ်နေရပြီး ကျွမ်းကျင်ဆရာဝန်တွေနဲ့ ကုသခွင့်မရပါဘူး။
2021-04-25
အာဆီယံအသင်းရဲ့ အထူးအစည်းအဝေးက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ စစ်အာဏာ သိမ်းမှု ဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ အာဆီယံအစည်းအဝေး ကျင်းပတဲ့နေ့ ကစလို့ အာဏာပိုင်တွေရဲ့ ဖြိုခွင်းမှုကြောင့် သေဆုံးသူ အနည်းဆုံး သုံးယောက် ရှိခဲ့တာပါ။
2021-04-25
အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေဆုံးသွားသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ တည်ဆောက်ထားတဲ့ အာဇာနည်ဂူ ဗိမာန်ကို စစ်ကောင်စီက ဖျက်ခိုင်းခဲ့ပြီး၊ ဒီဗိမာန်ကို တည်ဆောက်တယ်လို့ ယူဆခံရတဲ့ ပရဟိတအဖွဲ့ဝင်တွေကို လိုက်ပြီးဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
2021-04-25
နော်ဝေနိုင်ငံ အလယ်ပိုင်း ထရှိုင်ဟိန်းမြို့မှာ ဧပြီ ၂၄ရက်နေ့ မနေ့က စစ်အာဏာရှင်စနစ် ရှုတ်ချပွဲနှင့် CRPH အားကြိုဆိုထောက်ခံပွဲကို တိုင်းရင်းသားပေါင်းစုံ ပူးပေါင်းပါဝင်ခဲ့ ကြပါတယ်။
2021-04-25
စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြောင်း ဒီနေ့ ဧပြီ ၂၅ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2021-04-25
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီကျဆုံးရေးအတွက် လုံးခင်းအုပ်စု သပိတ်စစ်ကြောင်းဟာ ဧပြီ ၂၅ ရက်နေ့၊ ဒီနေ့မှာ ဆိုင်ကယ်တွေနဲ့ မှော်ပတ်လှည့်လည်ဆန္ဒပြခဲ့ကြသလို၊ လုံးခင်းအုပ်စုက တချို့နေရာတွေမှာလည်း လမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
2021-04-25
မန္တလေး ချမ်းမြသာစည်မြို့နယ်က ကိုကောင်းထက်နိုင် (၂၂ နှစ်) ဟာ ဧပြီလ ၂၄ ရက် မနေ့က ၆၅ လမ်း၊ ၁၀၇ လမ်းထောင့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး ဒီကနေ့မှာတော့ မိသားစုက သက်ပျောက်ဆွမ်းသွတ်ခဲ့တယ်လို့ သိရပါတယ်။
2021-04-24
မြန်မာနိုင်ငံအရေးအတွက် ကျင်းပခဲ့တဲ့ ဒီအစည်းအပေးအပြီး ထုတ်ပြန်လိုက်တဲ့ ဘုံသဘောတူညီချက် ငါးရပ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဆိုင်းဖို့၊ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့နဲ့ အာဆီယံအဖွဲ့ကြီးက ဦးဆောင်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေနဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီတွေပေးဖို့ စတာတွေ ပါဝင်ပါတယ်။