သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-03-23
AA ရက္ခိုင့်တပ်မတော်ရဲ့ ငြိမ်းချမ်းရေးအပေါ် သဘောထား၊ အဖွဲ့ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး AA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်ကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာက တွေ့ဆုံမေးမြန်းထားပါတယ်။
2019-03-23
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုင်းမောမြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားလို့ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက RFA ကို ဒီနေ့ ပြောပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းသုံး ခဲယမ်းတွေသိုလှောင်တဲ့နေရာ မတော်တဆဖြစ်တယ်လို့သာ သိထားရပြီး အခြေအနေအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဦးညီရန်းက ပြောပါတယ်။
2019-03-23
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ညနေပိုင်းက ရန်ကုန်မြို့ The One Entertainment Park မှာ ကျင်းပတဲ့ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2019-03-23
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာမှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲကြောင့် စည်တောင်အပါအဝင် အနီးတစ်ဝိုက် ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘူးသီးတောင်မြို့ပေါ်နဲ့ ရသေ့တောင်မြို့နယ်တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဘူးသီးတောင် မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က RFA ကို ဒီနေ့ ပြောပါတယ်။
2019-03-23
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ၁ သိန်းကို ဘာရှန်ချားကျွန်းကို ပြောင်းရွေ့မယ့်အစီအစဉ်ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ ဒုက္ခသည်အကာကွယ်ပေးရေးဆိုင်ရာ လက်ထောက်မဟာမင်းကြီး Volker Turk က ကြိုဆိုလိုက်ပါတယ်။
2019-03-23
နိုင်ငံရေးပါတီ အသီးသီးတို့ရဲ့သဘောထားအရ တပ်မတော်ရဲ့သဘောထားရပ်တည်ချက်နဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံတယ်လို့ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တာဟာ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီရဲ့ သဘောထားမဟုတ်ကြောင်း ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2019-03-23
ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ စစ်ဘေးဒဏ်ခံရတဲ့ ဒေသတွေက ပြည်သူတွေရဲ့ ဘဝလုံခြုံရေးနဲ့ ရခိုင်ပြည်နယ် တစ်ခုလုံး အေးချမ်းသာယာရေး အတွက် ရည်ရွယ်ပြုလုပ်မယ့် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ကျင်းပဖို့ လက်ခံထားတဲ့ ဟိုတယ်က ခွင့်မပြုတော့တဲ့အတွက် ဒီနေ့ ပွဲပျက်သွားခဲ့တယ်လို့ သိရပါတယ်။
2019-03-23
၂ဝ၁၉ မတ်လ ၂၃ ရက်နေ့ စနေစကားဝိုင်း အစီအစဉ်မှာ " ရန်ကုန်စည်ပင်ရွေးကောက်ပွဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-03-22
ပဲခူးတိုင်း ရေတာရှည်မြို့နယ်က ဆွာရေလှောင်တမံ ကျိုးကျပြီးနောက် ၈ လ ကျော်ကြာတဲ့အထိ ရေဘေးဒဏ်ခံ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကြောင်း ဘဝတွေ ပြန်ပြီး ထူထောင်နိုင်တဲ့ အခြေအနေ မရှိသေးတာကို တွေ့ရပါတယ်။
2019-03-22
ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်လိုက်တာဟာ ဒီမိုကရေစီအစိုးရအတွက် အကျည်းတန်စေပြီး မသင့်တော်တဲ့ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ဝေဖန်ထောက်ပြေနေကြပါတယ်။
2019-03-22
ခေတ်မီပြီး လှပတဲ့ လက်ကိုင်ဖုန်းလေးတွေကို လူတိုင်း နှစ်သက်ကြပါတယ်။
2019-03-22
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ပေါ်မှာ နေထိုင်နေကြတဲ့ စစ်ဘေးဒုက္ခသည်စခန်းက စစ်ဘေးရှောင်တွေ စားဝတ်နေရေးနဲ့ ပညာရေးအခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။ RFA သတင်းထောက် ကိုရဲထက်က တင်ပြထားပါတယ်။
2019-03-22
နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ဖြေရှင်းနေတဲ့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ပြဒါးတစ်လမ်း သံတစ်လမ်းနည်းနဲ့ မရနိုင်တဲ့အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က သုံးသပ်တင်ပြထားပါတယ်။
2019-03-22
ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုတွေ၊ ပဋိပက္ခစစ်ပွဲတွေအတွင်း သေဆုံးရတာထက် မသန့်ရှင်းတဲ့ရေနဲ့ မိလ္လာစနစ် ကနေ ဖြစ်လာတဲ့ ရောဂါတွေကြောင့် အသက် ၁၅ နှစ်အောက် ကလေးသေဆုံးမှုနှုန်း သုံးဆပိုများလာတယ်လို့ ကုလသမဂ္ဂရဲ့ ကလေးများဆိုင်ရာအေဂျင်စီက ဒီကနေ့ကျရောက်တဲ့ “ကမ္ဘာ့ရေနေ့မှာ”အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
2019-03-22
ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက တစ်သိန်းကျော်ကို ကျွန်းတကျွန်းကိုပို့ဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ လက်ထောက်မဟာမင်းကြီးက ဒုက္ခသည်တွေရဲ့ ဆန္ဒအရ ဖြစ်စေရမယ်လို့ ပြောလိုက်ပါတယ်။