သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-01-21
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ ၃၀၁၃ ယောက် ရှိသွားပါပြီ။
2021-01-21
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အပါအဝင် ရွေးကောက်ပွဲမှာ သုံးကြိမ်ဆက်တိုက် အနိုင်ရရှိထားတဲ့ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်က မွန်ညီညွတ်ရေးပါတီရဲ့ ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးကို ရွေးကောက်ခံ ကိုယ်စားလှယ် အဖြစ်ကနေ ပယ်ဖျက်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးမင်းကျော်လွင်က ကန့်ကွက်လွှာတင်ထားပါတယ်။
2021-01-21
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ တရားစွဲဆိုခံထားရတဲ့ FDA အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာသန်းထွဋ်ရဲ့ အမှုကို ၃ နှစ်နီးပါးကြာ စစ်ဆေးခဲ့ပြီးနောက် လာမယ့် ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အမိန့်ချမယ်လို့ မန္တလေးတိုင်းတရားလွှတ်တော်က ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2021-01-21
ရွေးကောက်ပွဲရလဒ်ကို သံသယကင်းစွာ အသိအမှတ်ပြုဖို့နဲ့ နိုင်ငံရေး အကျပ် အတည်းကို ကျော်လွှားနိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အစိုးရနဲ့ လွှတ်တော်ကနေ နည်းလမ်းရှာ ဖြေရှင်းပေးဖို့ တပ်မတော်က ဇန်နဝါရီလ ၂၀ ရက် မနေ့က ကြေညာချက် ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
2021-01-21
မြန်မာပြည်မှာ အသက် ၁၈ နှစ်မပြည့်ဘဲ လုပ်ငန်းခွင်ထဲဝင်နေရတဲ့ ကလေးလုပ်သားတွေ သန်းနဲ့ချီရှိပါတယ်။
2021-01-21
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ ဟန်းမိန် အထည်ချုပ် စက်ရုံမှာ အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမား ကိုးဦးကို ပြန်ခန့်ပေးဖို့ အလုပ်သမား ၁၃၀ ကျော်က စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုနေပါတယ်။
2021-01-21
ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ဒုက္ခသည်တွေ ကိုဗစ်အလွန်ကာလ နေရပ်ပြန်လည် ပို့ဆောင်ရေးမှာ ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်အပါအဝင် မြန်မာနိုင်ငံက စိစစ် ပြီးသားသူတွေကို အရင်ဆုံးပြန်ပို့ဖို့ ဇန်နဝါရီ ၁၉ ရက်နေ့က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ် သုံးနိုင်ငံ ဆွေးနွေးပွဲမှာ မြန်မာအစိုးရဘက်က တောင်းဆိုခဲ့ပါတယ်။
2021-01-21
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရခိုင်ပြည်နယ် မှာ တိုက်ပွဲတွေ ရပ်တန့်သွားသလို ဖမ်းထားသူတွေထဲက တချို့ကို AA က ပြန်လွှတ် ပေးခဲ့ပါတယ်။ တာဝန်ထမ်းဆောင်နေရင်း ဖမ်းဆီးခံခဲ့ရတဲ့ ရဲတပ်သားတွေကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့ မိသား စုဝင်တွေက လိုလားနေကြပါတယ်။
2021-01-21
ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲ ကြောင့် ရွာ ခုနစ်ရွာက စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရတာ တစ်လနီးပါးကြာနေပါပြီ။ စစ်ဘေးဒုက္ခသည်တွေက သူတို့တွေရဲ့ ကျေးရွာတွေကို ပြန်ချင်နေတာကြောင့် ကျေးရွာ တွေအနီးမှာ တပ်စွဲထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဖယ်ပေးစေချင်တယ်လို့ ပြောကြပါတယ်။
2021-01-21
RFA ကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ ယနေ့နိုင်ငံရေးအစီအစဉ်မှာ “ရွေးကောက်ပွဲ ပြဿနာတွေနဲ့ တိုင်းပြည်အနာဂတ်” ဆိုတဲ့ ခေါင်းစဥ်နဲ့ ဆွေးနွေးထားပါတယ်။
2021-01-21
ဒီတစ်ပတ်မှာတော့ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့က ဖုန်းနဲ့ဆက်သွယ်ပြောလာတာ၊ စာနဲ့ ရေးသား ပေးပို့လာတာတွေကို RFA သတင်းထောက် မဖြူဖြူခိုင်က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
2021-01-21
ဒီတစ်ပတ်မှာတော့ မလေးရှားနိုင်ငံ၊ ရန်ကုန်၊ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းတို့က ဖုန်းနဲ့ဆက်သွယ်ပြောလာတာ၊ စာနဲ့ ရေးသား ပေးပို့လာတာတွေကို RFA သတင်းထောက် မဖြူဖြူခိုင်က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
2021-01-20
ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်ထဲက ရာဇူဒိုင်မြစ်ထဲမှာ ရိုဟင်ဂျာ ၃၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါဟာ ဧရာဝတီတိုင်းအတွင်းမှာ ဒီနှစ်ထဲ ရိုဟင်ဂျာတွေကို ဖမ်းမိတာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။
2021-01-20
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့က အင်တာနက်ဖြတ်တောက်ထားတာ ပြန်ဖွင့်ပေးဖို့နဲ့ မြန်နှုန်းအဆင့် 3G နဲ့ 4G ဝန်ဆောင်မှုကို ချက်ချင်းပြန်ဖွင့်ပေးဖို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားနေတဲ့ အရပ်ဖက်အဖွဲ့ သုံးဖွဲ့က ဇန်နဝါရီလ ၁၉ ရက် မနေ့က အစီရင်ခံစာထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
2021-01-20
ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးဝယ်နိုင်ဖို့ အစိုးရက ပြည်သူတွေဆီကနေ အလှူငွေတွေ ကောက်ခံနေပါတယ်။ ပြည်သူတွေ အဆင်ပြေပြေ လှူဒါန်းနိုင်အောင် ပြည်သူမှပြည်သူသို့ မျှဝေခြင်းအဖွဲ့ကနေ အလှူငွေတွေကို အွန်လိုင်းစနစ်နဲ့ ကောက်ခံပေးနေပါတယ်။