သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-27
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်း မြိုင်ကြီးငူ ဆရာတော် ဘုရားတည်ရာမှာ DKBA တပ်ဖွဲ့တွေက လုံခြုံရေးတာဝန်ယူတယ်ဆိုတာ မဟုတ်မမှန်ဘူးလို့ DKBA တပ်ဖွဲ့က ဗိုလ်မှူးကြီး စောဆန်းအောင် က ပြောပါတယ်။
2016-04-27
ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာ တစ်ပါးဖြစ်တဲ့ ဦးဂမ္ဘီရကို ထောင်ဒဏ်ချမှတ် လိုက်တာဟာ လူ့အခွင့်အရေးစံချိန်စံညွှန်းနဲ့ မကိုက်ညီတဲ့ တရားစီရင်ရေးစနစ် ဆက်လက် ရှိနေသေးတယ်ဆိုတာ ပြသလိုက်တာဖြစ်တယ်လို့ ဦးဂမ္ဘီရရဲ့အမှုကိုဆောင်ရွက်ပေးခဲ့တဲ့ တရား လွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင် ကပြောပါတယ်။
2016-04-27
မြန်မာနိုင်ငံအထက်ပိုင်းမှာ ရာသီဥတုဆိုးဝါးပြီး လူတွေအသက်ဆုံးရှုံးရတာနဲ့ အိမ်တွေပျက်စီးရတာတွေကို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ကွင်းဆင်းပြီး နှစ်သိမ့်အားပေးနေသလို၊ အရေးပေါ်ပစ္စည်းတချို့လည်း ကူညီနေပါတယ်။
2016-04-27
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အဖွဲတို့ဟာ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံပြီး ပြည်တွင်းငြိမ်းချမ်းရေး အတွက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2016-04-27
ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၁၁ ကျောင်းဆင်းပွဲအတွက် မေတ္တာမွန်ဆိုပြီး သူရဦးရွှေမန်းက Facebook ပေါ်မှာ ရေးသားချက်အပေါ် တပ်မတော်က မနေ့က ကြေညာချက်ထုတ်ပြီး ကန့်ကွက်လိုက်ပါတယ်။
2016-04-26
ဒီကနေ့ မနက်ပိုင်းက တပ်မတော်ရဟတ် ယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းစဉ် မုန်တိုင် ဆည်အတွင်း ထိုးဆင်းပျက်ကျသွားခဲ့တယ် လို့ အစိုးရ စစ်တပ်ပိုင် မြဝတီသတင်းဌာနက ဖော်ပြပါတယ်။
2016-04-26
တရားမဝင်နယ်စပ်ဖြတ်ကျော်မှု နဲ့ အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင်ကို မန္တလေး တိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် တရားရုံးက ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆လ ချမှတ်လိုက်ပါတယ်။
2016-04-26
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် တရားရုံးမှာ တရားမဝင် စီတန်းလှည့်လည် မှုဆိုင်ရာ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံထား ရတဲ့ မစုစုနွေး အပါအဝင် ၉ ဦးကို တရားလိုဘက်က အမှု ကို ရုပ်သိမ်းပေးလိုက်ပါတယ်။
2016-04-26
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ နယ် ရွှေဂွန်းကျေးရွာက ဗလီဘေးနဲ့ ကွမ်းတောကျေးရွာက ခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်း စေတီတည်ခဲ့တဲ့ မြိုင်ကြီးငူ ဆရာတော်ကို ထိလွယ် ရှလွယ်တဲ့ကိစ္စတွေကို မလုပ်ဖို့ အတွက် မေတ္တာရပ်ခံသွား မယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်း က ပြောပါတယ်။
2016-04-26
ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တာဝန်ယူမှာဖြစ်ပြီး မနက်ဖြန် ဧပြီလ ၂၇ ရက်နေ့ မှာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
2016-04-26
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှာ မြိုင်ကြီးငူ ဆရာတော်ရဲ့ ညွှန်ကြားချက်နဲ့ ဗလီဘေးနဲ့ ခရစ်ယာန်ကျောင်းဝင်းအတွင်းမှာ စေတီ တည်နေတာတွေနဲ့ ပတ်သက်ပြီး ဆရာတော် နဲ့ တွေ့ဆုံပြီး မေတ္တာရပ်ခံ လျှောက်ထားဖို့ ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြိုးစားပေမယ့် လတ်တလော အဆင်မပြေ ဖြစ်နေပါတယ်။
2016-04-26
ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦး နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC အဖွဲ့တို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား မဟာမိတ်တပ်မတော် MNDAA ၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ရခိုင့်တပ်မတော် AA တို့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံလိုကြောင်း ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။
2016-04-26
မြန်မာအမျိုးသား မဟာမိတ်တပ်မတော် MNDAA ၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်မတော် AA တို့နဲ့ အလွတ်သဘော တွေ့ဆုံလိုကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး (ဟောင်း) ဦးခင်ဇော်ဦးနဲ့ အဖွဲ့က ကမ်းလှမ်း တာကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က ငြင်းပယ် လိုက်ပါတယ်။
2016-04-26
ဧရာဝတီမြစ်မှာ ရေတက်လာတာကြောင့် မြစ် အထက်ကနေ သစ်မျိုးစုံနဲ့ ဝါးတွေ မျောလာလေ့ရှိ ပြီး ဒေသခံတွေဟာ မြစ်ထဲမျောလာတဲ့ သစ်ဝါးတွေ ကို ထင်းအဖြစ် ဆည်ယူအသုံးပြုလေ့ရှိကြပါတယ်။
2016-04-26
ကချင်ပါတီတစ်ခုဖြစ်တဲ့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ က ၅ နှစ်ကြာ မဟာမိတ်ဖြစ်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ နဲ့ မဟာမိတ် ပယ်ဖျက်တော့ မယ်လို့ သိရပါတယ်။