သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-02-24
ရန်ကုန်မြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ သံရုံးတွေအနီးမှာ ဆန္ဒပြနေကြပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ဂျပန်သံရုံးအနီး ဆန္ဒပြသူတွေကို သံရုံးအနီးဆန္ဒမပြဖို့ ရဲတပ်ဖွဲ့က မောင်းထုတ်ခဲ့ပါတယ်။
2021-02-24
မြောက်ဥက္ကလာမြို့နယ်အတွင်းက ရပ်ကွက် ၁၉ ခုလောက်က ထောင်နဲ့ချီတဲ့ လူထုဟာ စစ်ကောင်စီက အသစ်ခန့်လိုက်တဲ့ အုပ်ချုပ်ရေးမှူးတွေကို မလိုလားကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ဒီနေ့ မြောက်ဥက္ကလာပမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2021-02-24
မြန်မာနိုင်ငံတဝှမ်းက မြို့ကြီးတွေမှာ စစ်အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေ၊ CDM လို့ခေါ်တဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပေမယ့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာတော့ ဒီနေ့အထိ ဆန္ဒပြလှုပ်ရှားမှုတွေ လုံးဝ မရှိပါဘူး။
2021-02-24
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ အာဏာရှင်စနစ် ကျဆုံးရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးနဲ့ စစ်ကောင်စီကို ကန့်ကွက်လို့ ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ အခုလ ၂၀ ရက်နေ့က ဖမ်းဆီးခံထားရတဲ့ အရပ်သား လူငါးဦးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တိုင်းရင်းသားတွေက ဒီနေ့ ရန်ကုန်မြို့မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2021-02-24
ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်၊ နေပြည်တော် ပျဥ်းမနားမြို့က လူထုဆန္ဒပြပွဲမှာ သတင်းယူနေတဲ့ သတင်းထောက်တွေကို ရဲတပ်ဖွဲ့က အင်အားသုံးဖမ်းဆီးဖို့ ကြိုးစားတာကြောင့် သတင်းထောက်အတ်ောများများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ နေပြည်တော်အခြေစိုက် သတင်းထောက်တွေက ပြောပါတယ်။
2021-02-24
ဖေဖော်ဝါရီ ၂၅ ရက်မှာ မြန်မာနိုင်ငံကိုလာရောက်ပြီး စစ်ကောင်စီနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ရဲ့ မြန်မာ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပေမယ့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေးနိုင်ဖို့ စီစဉ်ခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။
2021-02-23
လက်ရှိ ပြည်တွင်းဆန္ဒပြပွဲတွေမှာ ပါဝင်တဲ့ သံဃာအရေအတွက် တနေ့တခြား များလာနေပေမယ့် အရင်လှုပ်ရှားမှုတွေနဲ့ နှိုင်းယှဉ်ရင် နည်းပါးနေဆဲဖြစ်ပါတယ်
2021-02-23
မြန်မာနိုင်ငံမှာ စစ်တပ်က ထပ်မံအာဏာသိမ်းခဲ့ပြန်တာကြောင့် နိုင်ငံအများက ပြစ်တင်ဝေဖန်နေကြပါတယ်။ အီးယူ ဥရောပသမဂ္ဂကလည်း မြန်မာစစ်တပ်နဲ့ စစ်တပ်ရဲ့အကျိုးစီးပွားတွေအပေါ် ပစ်မှတ်ထားပိတ်ဆို့ဖို့ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
2021-02-23
စစ်အာဏာသိမ်းတာ ကို ဆန့်ကျင်ကြောင်း လူမှုကွန်ရက်မှာ ထုတ်ဖော်ရေးသားလို့ ဖမ်းဆီးခံရတဲ့ ကြံခင်းမြို့က ရဲဝန်ထမ်းညီအစ်ကို ကို ပုသိမ်မြို့မှာ ဖမ်းဆီးထားတယ် သတင်းကြားလို့ သူတို့ရဲ့ မိဘတွေက ဖေဖော်ဝါရီ ၂၃ ရက်နေ့က သွားရောက် စုံစမ်းရှာဖွေခဲ့ပါတယ်။
2021-02-23
အကြောင်းအမျိုးမျိုးပြပြီး ရုံးမတက်တာကို ရပ်တန်းကရပ်ပြီး ရုံးပြန်လာတက်ဖို့၊ ရုံးပြန်လာမတက်ရင် အလုပ်ဖြုတ်မယ်ဆိုပြီး ဖိအားပေးခြိမ်းခြောက်နေတာပါ။
2021-02-23
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့မှုနဲ့ ပတ်သက်ပြီး NLD ပါတီဘက်က အမှုဖွင့်တိုင်ကြားထားပေမယ့် ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့က ဘာမှစစ်ဆေးဆောင်ရွက်တာမရှိဘူးလို့ NLD ရုံးတာဝန်ရှိသူတွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောလိုက်ပါတယ်။
2021-02-23
မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုလိုက်ပါတယ်။ ဒေါက်တာ အောင်မိုးညိုရဲ့ အမှုကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က အွန်လိုင်းက စတင်စစ်ဆေးခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။
2021-02-23
နေပြည်တော် ပျဉ်းမနားမှာ မနေ့က ပြုလုပ်ခဲ့တဲ့ အာဏာရှင် ဆန့်ကျင်ရေး နှစ်ငါးလုံး အထိမ်းအမှတ် လူထုလှုပ်ရှားမူ ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံခဲ့ရတဲ့သူ ၂၀၀ ကျော်ထဲမှာ ၁၉၀ ကျော်ဟာ ဒီနေ့ နေ့လည်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာပါတယ်။
2021-02-23
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးတွေဟာ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ အပါအဝင်အလွှာစုံက ပြည်သူတွေအားလုံး ပြည်လုံးကျွတ် ဆန္ဒပြနေကြတာ ရက်သတ္တပတ် ၃ ပတ် ကျော်လာပါပြီ။ ဆန္ဒပြတာ ရက်ကြာလာတာနဲ့အမျှ လမ်းပေါ်ထွက် ဆန္ဒပြနေတဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ သွားလာ ကုန်ကျစရိတ်တွေ ရှိလာပါတယ်။
2021-02-23
မနေ့က နေပြည်တော် နှစ်ငါးလုံး အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ အဖမ်းခံရသူ စုစုပေါင်း ၂၁၆ ဦးထဲက၊ လူ ၂၁၀ ကို ဒီကနေ့ မွန်းလွဲပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပေမယ့် ခြောက်ဦးကို ဆက်လက်ဖမ်းဆီးထားတယ်လို့ အဖမ်းခံရသူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။