စစ်ကောင်စီခန့်တဲ့ အုပ်ချုပ်ရေးမှူး မလိုမရှိကြောင်း မြောက်ဥက္ကလာမှာ ဆန္ဒပြ
မြောက်ဥက္ကလာမြို့နယ်အတွင်းက ရပ်ကွက် ၁၉ ခုလောက်က ထောင်နဲ့ချီတဲ့ လူထုဟာ စစ်ကောင်စီက အသစ်ခန့်လိုက်တဲ့ အုပ်ချုပ်ရေးမှူးတွေကို မလိုလားကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ဒီနေ့ မြောက်ဥက္ကလာပမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
အစိုးရယန္တရားရဲ့ အခြေခံအကျဆုံး အစိတ်အပိုင်းဖြစ်တဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အာဏာ သိမ်းစစ်ကောင်စီက ရွေးချယ်ခန့်အပ်မှုတွေ လုပ်နေပြီးစစ်ကောင်စီက ခန့်အပ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ်တွေကို မလိုလားကြောင်း ကန့်ကွက်ဆန္ဒပြတာတွေ နေရာတော်တော်များများမှာ ရှိနေပါတယ်။
တချို့နေရာတွေမှာတော့ ခန့်အပ်ခံရသူတွေက မလုပ်လိုကြောင်း နုတ်ထွက်တာတွေလည်း ရှိပါတယ်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် အနည်းဆုံး အဖွဲ့ဝင် ၁၁ ဦးပါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ ကိုယ်တိုင်ဖွဲ့ကြဖို့ တိုက်တွန်း ထားပါတယ်။