သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-25
အစိုးရတပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ KIA ဗိုလ်သင်တန်းသား ၂၃ ယောက်အတွက် ဝမ်းနည်းကြောင်း ဆုတောင်းပွဲကို ရန်ကုန်မြို့ ရွှေလီ လမ်းက မြန်မာငြိမ်းချမ်းရေးစင်တာရှေ့မှာ ၂ဝ၁၄ နိုဝင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2014-11-25
၂ဝ၁၄ နိုဝင်ဘာလ ၂၄ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးကနေ PR (ခေါ်) အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ တပြေးညီကျင့်သုံးဖို့ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။
2014-11-25
ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၂ဦးကို ကူညီပေးဖို့ အစိုးရက အထူးကိုယ်စားလှယ် အဖြစ် စေလွှတ်လိုက်တဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့အဖဲ့ွက ထိုင်းနိုင်ငံကို ရောက်ရှိနေပါတယ်။
2014-11-25
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက “ရိုဟင်ဂျာ” လူမျိုးဆိုပြီး ခေါ်ဝေါ်သုံးနှုန်းခဲ့တဲ့အပေါ် စစ်တွေမြို့မှာ ဒေသခံတွေ ၂ဝ၁၄ နိုဝင်ဘာလ ၂၃ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2014-11-25
ရန်ကုန်မြို့ ကြည့်မြင်တိုင် တဘက်ကမ်းက “ဦးမြငါးစင်” သမ္ဗာန်ဆိပ်ကို ဆိပ်ကမ်းဆောက်နေတဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC က ပိတ်လိုက်တဲ့အတွက် ဒေသခံ ကျောင်းသူကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေ ဆန္ဒပြခဲ့ကြပါတယ်။
2014-11-25
အလုပ်သမားဥပဒေရေးဆွဲရာမှာ အလုပ်သမားကိုယ်စားလှယ်တွေ ပါဝင်ရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုကို မန္တလေးမြို့က စက်မှုဇုံမှာ ၂ဝ၁၄ နိုဝင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2014-11-25
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့- NCCT နဲ့ ထိုင်းအခြေစိုက် လူထုအခြေပြုအဖွဲ့အစည်းတွေ ထိုင်း-မြန်မာနယ်စပ် တနေရာမှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုအောင်မိုးမြင့်က သတင်းပေးပို့ ထားပါတယ်။
2014-11-25
ပြည်ပကို ဆန်တင်ပို့တဲ့ အာရှနိုင်ငံတွေထဲမှာ မြန်မာ့ဆန်ဈေးနှုန်းဟာ မတည်ငြိမ်ဆုံးလို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။
2014-11-25
ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့ကြား နိုဝင်ဘာလ ၁၉ရက်နေ့ နောက်ပိုင်း ပစ်ခတ်မှုတွေ ၃ ရက် ဆက်တိုက် ဖြစ် ပွားနေပါတယ်။
2014-11-25
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၂ ဦးအတွက် အာမခံကြေး ထိုင်းဘတ်ငွေ နှစ် သန်းကို မြန်မာသံရုံးက စိုက်ထုတ်ပြီး အာမခံတင်မယ်လို့ သိရပါတယ်။
2014-11-25
တရုတ်ပြည်မြောက်ပိုင်း မွန်ဂိုလီးယား အတွင်းပိုင်းဒေသမှာ မြန်မာအမျိုးသမီးတွေ ကို ဇနီးမယားအဖြစ် ရောင်းချ ဖို့ ခေါ်ဆောင်ထိန်းသိမ်းထားတဲ့ ၃၁ ဦးပါ လူမှောင်ခိုအဖွဲ့ကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
2014-11-25
ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့က ဗိုလ်လောင်းသင်တန်းကျောင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ဆုတောင်းပွဲတစ်ရပ်ကို တိုင်းရင်းသား လူငယ်တွေစုပေါင်းပြီး ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့က လွတ်လပ်ရေး ကျောက်တိုင်မှာ မနေ့က ကျင်းပခဲ့ပါတယ်။
2014-11-24
လက်ရှိဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေး၊ လယ်သမားအရေး၊ အလုပ်သမားအရေးနဲ့ ကျောင်းသား အရေးကိစ္စတွေ ကို ဖြေရှင်းနိုင်ဖို့ အတွက် ခေါင်းဆောင် ၄ ဦး တွေ့ ဆုံဆွေးနွေးပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ကိုနန္ဒာထွဋ်က ပြောပါတယ်။
2014-11-24
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ဥပဒေ မူကြမ်းကို အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ဆွေးနွေး ပြီး ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2014-11-24
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက နေပြည်တော် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ရခိုင်ပြည် နယ်အတွင်းက မွတ်စလင်တွေကို ရိုဟင်ဂျာလူမျိုး အဖြစ် ပြောဆိုသုံးနှုန်းခဲ့တာကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ဒေသခံ ၂ဝဝဝ ခန့်က ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။