သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-07-29
ပဲခူးတိုင်း မုန်းမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့အတူ တောင်ကျရေကြောင့် ချောင်းကမ်းပါးတွေ ပြိုကျလို့ ကလေးတစ်ဦး သေဆုံးပြီး နေအိမ်တချို့လည်း ရောထဲမျောပါ ပျက်စီးသွားပါတယ်။
2024-07-29
ကန့်ဘလူမြို့နယ်ထဲက ရွာတချို့ကို စစ်ကောင်စီတပ် စစ်ကြောင်းတွေက ဝင်ရောက်စီးနင်း ပစ်ခတ်စဉ် အရပ်သားသုံးဦး သေဆုံးပြီး နေအိမ်နှစ်ရာနီးပါး မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-07-29
လားရှိုးမြို့က တိုက်ပွဲအတွင်း ဇူလိုင်လ ၂၈ ရက် နေ့လယ်ပိုင်းမှာ လာရှိုးအကျဥ်းထောင်ပွင့်သွားပေမဲ့ အကျဉ်းသားတွေနဲ့ အဆက်အသွယ်မရသေးဘူးလို့ မိသားစုဝင်တွေက ်RFA ကို ပြောပါတယ်။
2024-07-29
ကျောက်မဲနဲ့ မိုးမိတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ TNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဇူလိုင်လ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-07-28
ပဲခူးမြို့မှာ ဇူလိုင် ၂၇ ရက်စကလို့ မိုးများပြီး မြစ်ရေကြီးလာတာကြောင့် ဇူလိုင် ၂၉ ရက်မှာပဲ မြို့ခံ နှစ်သောင်းခန့်ကို အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
2024-07-28
ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးနေကြတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တပ်မိသားစုဝင် စုစုပေါင်း နှစ်ရာကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားတယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) မတူပီ တပ်မဟာ-၁ ရဲ့ ပြောခွင့်ရသူက RFA ကို ဇူလိုင်လ ၂၉ ရက်နေ့မှာ ပြောပါတယ်။
2024-07-28
မိုးဗြဲဆည်အောက်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရေကောင်းရေသန့်ရရှိနိုင်ဖို့ ခက်ခဲနေတယ်လို့ IEC အတွင်းရေးမှူး (၂) ကိုဗညားက ပြောပါတယ်။
2024-07-28
အကျဉ်းချခံထားရတဲ့ ကိုညီညီကို ဇူလိုင်လ ၂၆ ရက်နေ့ညက ရောဂါပြင်းထန်နေချိန် ဆေးရုံတက်ရောက်ကုသခွင့်မပေးခဲ့တာကြောင့် သေဆုံးခဲ့ရတယ်လို့ PPNM က ပြောပါတယ်။
2024-07-28
နိုင်ငံအနှံ့ ဆန္ဒပြပွဲအတွင်း ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို ပြန်လွှတ်မပေးရင် ဆန္ဒပြပွဲ ပြန်စမယ်လို့ ဘင်္ဂလားဒေ့ရှ် ကျောင်းသားအဖွဲ့ တဖွဲ့က ပြောကြားလိုက်ပါတယ်။
2024-07-28
နိုင်ငံတစ်ဝှမ်းက CI စင်တာတွေကို တစ်ပတ်အတွင်း ပိတ်တော့မယ်လို့ ထိုင်းအစိုးရက ကြေညာပါတယ်။
2024-07-28
ဘူဆန်မြို့ကနေ ဆိုးလ်မြို့အထိ ၂၂ ရက်ကြာ လမ်းလျှောက်ပြီး ဆိုးလ်မြို့တွင်း လမ်းလျှောက်ဆန္ဒပြတောင်းဆိုတာလို့ DM ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။
2024-07-28
မြန်မာနိုင်ငံက ဆိုက်ဘာရာဇဝတ်ဂိုဏ်းလုပ်ငန်းမှာ ပိတ်မိနေတဲ့ သီရိလင်္ကာ လူမျိုးတွေကို ကယ်တင်ဖို့ စစ်ခေါင်းဆောင်ကို သီရိလင်္ကာနိုင်ငံက တိုက်တွန်းလိုက်ပါတယ်။
2024-07-28
ဇလွန်၊ ဟင်္သာတ၊ ဆိပ်သာ၊ မဒေါက်၊ ငါးသိုင်းချောင်း၊ သာပေါင်း၊ ပုသိမ်၊ ပဲခူး၊ ရွှေကျင်၊ ဘီးလင်း၊ ဘာအံနဲ့ မြဝတီမြို့တွေမှာ မြစ်ရေဟာ မြို့ရဲ့စိုးရိမ်ရေအမှတ်အထက်ကို ရောက်နေတာပါ။
2024-07-28
မိုးကုတ်မြို့နဲ့ စဉ့်ကူးမြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ပြည်သူကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။
2024-07-28
ထန်တလန်မြို့နယ် အော်တိုတောင်က စစ်ကောင်စီရဲ့ ရှေ့တန်းတပ်စခန်း သုံးခုကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။