သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-25
လစ်လပ်နေတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာမှာ ရခိုင်ပြည်နယ် တပ်မတော်သားလွှတ်တော် ကိုယ် စားလှယ်အဖြစ် ခန့်အပ်ထားတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သွားဖို့ ဒီကနေ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-06-25
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် အတွင်းမှာ အစိုးရ တပ်မတော်နဲ့တအာင်းအမျိုးသား လွတ် မြောက်ရေးတပ်မတော် (TNLA ) တို့ တိုက်ပွဲတွေ မကြာခဏဖြစ်နေပါတယ်။ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နမ့်ခမ်းမြို့နဲ့ အနီးအနားက ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အာအက်ဖ်အေ သတင်းထောက် ကိုကျော်မျိုးထွန်းက နမ့်ခမ်းမြို့နယ်ကိုသွားရောကရိုက်ကူ်းပြီး တင်ပြထားပါတယ်။
2014-06-25
ကယားပြည်နယ် ဖရူဆိုမြို့နယ် ဆိုလျားကူး ရွာမှာ စစ်တပ်ကသိမ်းထားတဲ့ လယ် ယာမြေတွေမှာ ဝင်ရောက်ထွန်ယက် ခဲ့တဲ့ တောင်သူတွေထဲက တစ်ဦးနဲ့ တောင်သူလယ်သမား သမဂ္ဂအဖွဲ့ဝင်တစ်ဦးကို ပိုင်နက်ကျူး လွန်မှု ပုဒ်မ ၄၄၇ နဲ့ အမှတ် ၅၃၁ ခြေမြန်တပ်ရင်းမှူးက တရားစွဲလိုက်ပါတယ်။
2014-06-25
သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးဝင်းကို လစ်လပ်နေတဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ပြည်ထောင်စုလွှတ်တော်က ဒီနေ့ ရာထူး တိုးမြှင့်ခန့်အပ်လိုက်ပါတယ်။
2014-06-25
သာသနာရေးဝန်ကြီးဌာနအပါအဝင် အစိုးရဝန်ကြီး ဌာနလေးခုရဲ့ ဘတ်ဂျက်သုံးစွဲမှုတွေကို ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုး တက်မှု ကော်မတီက စတင်စစ်ဆေးနေပြီလို့ ကော်မတီ တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။
2014-06-25
အချိုးကျကိုယ်စားပြုစနစ် PR ကို လွှတ်တော်ထဲမှာ ဆွေးနွေးစဉ်းစားတဲ့အခါ ညီညီ မျှမျှဖြစ်အောင် ဆောင်ရွက်ပေးမယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ပြော ကြားလိုက်ပါတယ်။
2014-06-25
ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ ရဲသတင်းအထူး တပ်ဖွဲ့က ပြည်တွင်းပုဂ္ဂလိက သတင်း မီဒီယာတွေကို ခေါ်ယူစစ်ဆေး မေးမြန်းနေတာတွေ အပေါ် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ကန့်ကွက်ကြောင်း ကြေညာချက်ကို ဒီနေ့ ထုတ်ပြန် လိုက်ပါတယ်။
2014-06-25
လစ်လပ်နေတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာအတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဗိုလ်ချုပ် မောင်မောင်အုန်းကို အစားထိုးခန့်အပ်ဖို့ ဒီကနေ့ အရေးပေါ်ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်း အဝေးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာပေး ပို့ပြီး အဆိုပြုလိုက်ပါတယ်။
2014-06-25
ဒီကနေ့ မြန်မာ့နိုင်ငံရေးမှာ လူငယ်တွေဘယ်လောက် ပါဝင်နိုင်ကြပြီလဲ။ လွှွတ်တော်အတွင်းမှာတော့ တပ်မတော်ကိုယ်စားလှယ်တွေကလွဲလို့ တခြားကိုယ်စားလှယ်တွေထဲမှာ လူငယ်အရေအတွက် နည်းပါးလှပါသေးတယ်။
2014-06-25
ပွင့်လင်းမြန်မာ့ရှေ့ဆောင်လို့ခေါ်တဲ့ Open Myanmar Initiative အဖွဲ့က လွှတ်တော်ရဲ့ဆောင်ရွက် ချက် တွေအပေါ်သုတေသနပြုပြီး ဒုတိယအကြိမ်မြောက်အစီရင်ခံစာတစောင်ကို မနေ့ကထုတ်ပြန် လိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အဖွဲ့ရဲ့အကြံပေးပုဂ္ဂိုလ် ၈၈ မျိုးဆက်ခေါင်းဆောင် ကိုကိုကြီးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားပါတယ်။
2014-06-25
ဧရာဝတီမြစ်ဆုံစီမံကိန်း အကောင် အထည်ဖော်နေတဲ့ CPI ကုမ္ပဏီက သူတို့ ထောက်ပံ့နေတဲ့ မြစ်ဆုံစီမံကိန်းအနီး အောင်မြင်သာရွာ မိသားစုတွေထဲက မိသားစု ၂ စုကို မြစ်ဆုံစီမံကိန်း ကန့်ကွက်တဲ့လှုပ်ရှားမှုတွေမှာ ပါဝင်လို့ဆိုပြီး ဆန်ရိက္ခာထောက်ပံ့မှုကို ဒီနေ့ ရပ်ဆိုင်းလိုက်ပါတယ်။
2014-06-25
ကယားပြည်နယ်မှာ လောပိတရေအားလျှပ်စစ်စီမံကိန်းနဲ့ဆက်စပ်ပြီ း စစ်တပ်က သိမ်းယူထားတဲ့ လယ်မြေတွေထဲက တချို့ကို ဒီကနေ့ မူလပိုင်ရှင်တွေဆီ ယာယီလုပ်ပိုင်ခွင့်ပေးအပ်လိုက်ပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-06-25
ရန်ကုန်မြို့ မှာ ရှေးဟောင်းအဆောက်အဦး တစ်ထောင်နီးပါးလောက်ရှိပြီး အဲဒီအထဲက ၆ဝဝ နီးပါး လောက် ဟာ ထိန်းသိမ်းသင့်တဲ့ အဆောက်အဦးတွေ ဖြစ်တယ်လို့ ပညာရှင်တွေကပြောပါတယ်။ ဘယ်လို ထိန်းသိမ်း ကြမလဲ ၊ ထိန်းသိမ်းရာမှာ ဘယ်လိုအခက်အခဲတွေ ရှိနိုင်မလဲဆိုတာ RFA သတင်းထောက် မဝေမာထွန်းက တင်ပြထားပါတယ်။
2014-06-25
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ် တက်မျှောကျေးရွာမှာ စက်မှုဝန်ကြီးဌာန စက္ကူ စက်ရုံနဲ့ ဝါစိုက်ခင်း စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲက ဧက ၅၀၀ ကျော်မှာ မူလ လုပ်ကိုင် စားသောက်ခဲ့ကြတဲ့ လယ်သမားတွေက ဒီနေ့ ဝင်ရောက်ထွန်ရက် စိုက်ပျိုးကြပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံ တင်ပြထားပါတယ်။
2014-06-24
ချင်းတိုင်းရင်းသား ကျောင်း သားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး ကျဆုံးခြင်း (၃၈) နှစ်ပြည့် အောက်မေ့ဖွယ် အထိမ်းအမှတ် ဆန္ဒပြပွဲတစ်ရပ်ကို တောင်ကိုရီးယားနိုင် ငံရောက် မြန်မာနိုင်ငံသားတွေ တနင်္ဂနွေနေ့က စုပေါင်း ကျင်းပခဲ့ကြပါတယ်။