သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-02-25
ကျိုက်မရော ကဒါကျေးရွာအုပ်စုက ဒေသခံ ခြောက်ဦး၊ ဖနုံကျေးရွာ ကျေးရွာအုပ်စု သုံးဦးကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနေ့ညက နယ်ခြားစောင့်တပ် ၁၀၂၁ က လာရောက် ဖမ်းဆီးသွားတယ်လို့ ရွာခံတွေက RFA ကို ပြောပါတယ်။
2021-02-25
တနင်္သာရီတိုင်း မြိတ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ သပိတ်ခေါင်းဆောင်လေးဦးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ဒီနေ့မနက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံထားရသူ လေးဦးအပြင် ဆန္ဒပြ ရာမှာ ပါဝင်လို့ အမှုဖွင့်ခံထားရသူတွေလည်း ရှိနေပါတယ်။
2021-02-25
နေပြည်တော်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ သေနတ်ကျည်ထိမှန် သေဆုံးခဲ့ရတဲ့ အသက် ၂၀ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ရဲ့ ရက်လည်ဆွမ်းကျွေးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ဒီနေ့မနက်ပိုင်းက ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာက သူမရဲ့ နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။
2021-02-24
အာဏာသိမ်းစစ်ကောင်စီက အနုပညာသမားတချို့ကို ဖမ်းဆီး၊ ဝရမ်း ထုတ်ထားတာတွေနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာရှိတဲ့ အနုပညာအဖွဲ့အစည်း ၁ဝ ခုက ကြေညာချက်တစောင် မနေ့က ထုတ်ပြန် ကန့်ကွက်လိုက်ပြီး ဖမ်းဆီးထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
2021-02-24
ဖေဖော်ဝါရီ ၂၅ ရက်မှာ မြန်မာနိုင်ငံကိုလာရောက်ပြီး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာ့ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။ အဲဒီလို ဆွေးနွေးရာမှာ မြန်မာပြည်သူတွေရဲ့ ဆန္ဒအတိုင်း လက်ရှိရွေးကောက်ပွဲရလဒ်ကို လက်ခံကြောင်း၊ ကုလသမဂ္ဂနဲ့အတူ ရပ်တည်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြေကြားလိုက်ပါတယ်။
2021-02-24
ညမထွက်အရအမိန့် ဖောက်ဖျက်သူတွေနဲ့ ညဘက်သံပုံးတီး ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ ပစ်ခတ်မယ်ဆိုပြီး ညကင်းတာဝန်မှူးတစ်ဦးက Facebook မှာ Live လွှင့်ခြိမ်းခြောက်ထားတဲ့ ဗွီဒီယိုဖိုင်တစ်ခု ဖေဖော်ဝါရီ ၂၂ ရက်ညက ပျံ့နှံ့ခဲ့ပါတယ်။
2021-02-24
စင်္ကာပူနိုင်ငံက ဘဏ်သုံးခုမှာ မြန်မာနိုင်ငံ ဗဟိုဘဏ်က အပ်နှံထားတဲ့ နိုင်ငံခြားအရန်ငွေ ဒေါ်လာ ဘီလျံနဲ့ချီ ပြီး ရှိနေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး စင်္ကာပူအစိုးရရဲ့ ဘဏ္ဍာရေးအာဏာပိုင်အဖွဲ့ (MAS) က ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
2021-02-24
မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးက ပစ္စည်းတွေကို ဖေဖော်ဝါရီ ၂၄ ရက် နေ့လည်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကားနှစ်စီးနဲ့ လာရောက်သိမ်းယူသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်တွေ့ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
2021-02-24
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်ရဲ့ မိသားစုဝင်တွေကို ဖေဖော်ဝါရီလ ၂၄ ရက် ဒီကနေ့ညပိုင်းမှာ စစ်တပ်က ပြန်လွှတ်ပေးလိုက်တယ်လို့ NLD ပါတီ ပြန်ကြားရေးတာဝန်ခံက RFA ကို အတည်ပြုပြောပါတယ်။
2021-02-24
ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က မန္တလေး ရတနာပုံ သင်္ဘောကျင်းအနီးမှာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲပြီးနောက် ဖမ်းဆီးသွားသူတွေက ကိုရာဇာအောင်ဟာ ဖမ်းဆီးခံထားရစဉ်အတွင်းမှာ သေဆုံးသွားပါတယ်။
2021-02-24
ရန်ကုန်တိုင်း ရွှေပြည်သာမြို့မှာ ရပ်ကွက်လုံခြုံရေး ကင်းစောင့်နေစဉ် ရဲတပ်ဖွဲ့က သေနတ်ကျည်နဲ့ ပစ်လိုက်လို့ သေဆုံးခဲ့တဲ့ ကိုတင်ထွဋ်ဟိန်းကို ဒီနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းမှာ သင်္ဂြိုဟ်ခဲ့ပါတယ်။
2021-02-24
ရခိုင်ပြည်နယ် အမ်းမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ဒေသခံ ခုနစ်ဦးကို မြို့နယ်တရားရုံးက ဒီနေ့ ငွေဒဏ် ရှစ်သောင်းစီ ချမှတ်လိုက်တယ်လို့ အမိန့်ချမှတ်ခံရတဲ့ မိသားစုဝင်တွေကပြောပါတယ်။
2021-02-24
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ပြည်သူ့ပါတီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ကယန်းအမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ နာဂအမျိုးသားပါတီ (NNP)၊ တအာင်း (ပလောင်) အမျိုးသားပါတီ တို့ဟာ အာဏာသိမ်းစစ်ကောင်စီက အသစ်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံမှာ မဟုတ်ပါဘူး။
2021-02-24
တပ်မတော်က အာဏာသိမ်းလိုက်တာ ဒီနေ့ဆိုရင် ၂၄ ရက်ရှိနေပြီဖြစ်ပြီး စစ်အစိုးရ ကန့်ကွက်ဆန္ဒပြပွဲတွေက နိုင်ငံအနှံ့က မြို့နယ်အများအပြားမှာ နေ့တိုင်းရှိနေပါ တယ်။ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးတာတွေလည်း နေ့တိုင်းနီးပါးရှိနေပါတယ်။ ဒီနေ့မှာတော့ မကွေးတိုင်း မင်းဘူးမြို့က ဆန္ဒပြသူ ရှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ပါတယ်။
2021-02-24
မြန်မာနိုင်ငံ ဗဟိုဘဏ်ဟာ နိုင်ငံခြား အရန်ဘဏ္ဍာငွေ ၆.၇ ဘီလျံလောက်ကို ပြည်ပက ဘဏ်တွေမှာ အပ်နှံထားပါတယ်။