ရဲက သေနတ်နဲ့ပစ်လို့ သေဆုံးရတဲ့ ရွှေပြည်သာက ကင်းသမားကို သင်္ဂြိုဟ်
2021.02.24
ရန်ကုန်တိုင်း ရွှေပြည်သာမြို့မှာ ရပ်ကွက်လုံခြုံရေး ကင်းစောင့်နေစဉ် ရဲတပ်ဖွဲ့က သေနတ်ကျည်နဲ့ ပစ်လိုက်လို့ သေဆုံးခဲ့တဲ့ ကိုတင်ထွဋ်ဟိန်းကို ဒီနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းမှာ သင်္ဂြိုဟ်ခဲ့ပါတယ်။
အသက် ၃၀ အရွယ် ကိုတင်ထွဋ်ဟိန်းရဲ့ နောက်ဆုံးခရီးကို ပြည်သူတွေသောင်းနဲ့ချီ လိုက်ပါ ပို့ဆောင် ခဲ့ပါတယ်။
ကိုတင်ထွဋ်ဟိန်း သေဆုံးမှုအတွက် လက်ရှိအချိန်အထိ အမှုဖွင့်ခွင့်မရသေးပါဘူး။ မိသားစုဝင်တွေကတော့ တရားမျှတမှုကို လိုလားတယ်လို့ ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မှာ ရပ်ကွက်လုံခြုံရေး ကင်းစောင့်နေတဲ့သူ့ကို ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်လို့ ဦးခေါင်းကို ကျည်ထိမှန်ပြီး ည ၁၁ နာရီ ၁၅ မိနစ်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။